APM ၊ ဂျန်နဝါရီ ၁၀ /၂၀၂၃
ရီးရဲမက်ဒရစ်အသင်းနည်းပြဟောင်းဖြစ်သည့် ပြင်သစ်လူမျိုး နည်းပြဇီဒန်းသည် ဘရာဇီး၊ ပေါ်တူဂီ နန့် အမေရိကန် နိုင်ငံအသင်းများ၏ နည်းပြရာထူးကမ်းလှမ်းချက်ကို ပယ်ချလိုက်ကြောင်း သိရသည်။
နည်းပြဇီဒန်းသည် ၂၀၂၁ခုနှစ်၊ မေလတွင် ရီးရဲမက်ဒရစ်အသင်းနန့် လမ်းခွဲကာ နည်းပြလောကမှ အနားယူထားပြီး နောက်ပိုင်း မန်ယူ၊ ဂျူဗင်တပ်စ်၊ အာဆင်နယ်နန့် PSG အသင်းများအပါအဝင် ကလပ်အသင်းကြီးများ၏ကမ်းလှမ်း ချက်ကိုလေ့ ငြင်းဆန်ပယ်ချထားသည်။
ဒေကြားထဲ ၂၀၂၂ ကမ္ဘာ့ဖလားအပြီး ပြင်သစ်လက်ရွီးစင်အသင်း၌ နည်းပြလုပ်ရန် နိုင်ငံတကာသတင်းဌာနများက ဖော်ပြခကေလေ့ ပြင်သစ်ဘောလုံးအဖွဲ့ချုပ်(FFF)ကတော့ လက်ဟိနည်းပြ ဒေးရွှန့်ကို အသင်းနန့် ၂၀၂၆ ခုနှစ်အထိ သက်တမ်းတိုး စာချုပ် ချုပ်လိုက်သည်။
အသက် ၅၀ အရွယ် နည်းပြဇီဒန်းသည် ရီးရဲမက်ဒရစ်အသင်းနန့်အတူ ချန်ပီယံလိဂ်ဖလား (၃) ကြိမ်၊ လာလီဂါ ဖလား (၂) ကြိမ်၊ စပိန်စူပါဖလား (၂) ကြိမ်၊ UEFA စူပါဖလား (၂) ကြိမ်နန့် ကမ္ဘာ့ကလပ်ချန်ပီယံဆု (၂) ကြိမ် ရဟိ ထားပြီး၊ ကမ္ဘာ့အကောင်းဆုံးအသင်းနည်းပြဆု (၂) ကြိမ်လေ့ ရဟိထားသည်။
Photo – New York Post