APM၊စပ်တမ်ဘာ ၁ /၂၀၂၃
ပုဏ္ဏားကျွန်းမြို့နယ်တွင် သြဂတ်စ် ၃၀ ရက်နိကပင် ရီမြုပ်ပ်ပျောက်ဆုံးနီသည့် ဒေသခံနှစ်ယောက်၏ ရုပ်အလောင်းများကို ဒေနိ(စပ်တမ်ဘာ ၁ ရက်နိ)မိုးထက ပြန်ရှာတွိခကြောင်းသိရသည်။
ရီမြုပ်ပျောက်ဆုံးနီပြီး ရုပ်အလောင်းပြန်တွိရလူနှစ်ယောက်မှာ ပုဏ္ဏားကျွန်းမြို့နယ်၊ အောင်ဆိပ်ရွာက ကိုဝေဖြိုးကျော် (၂၂ နှစ်)နန့် ယိုးတရုပ်ရွာက ဒေါ်မကျန်စီ (၇၅ နှစ်) ဖြစ်သည်။
ယင်းအထဲမှ ကိုဝေဖြိုးကျော်မှ သြဂတ်စ် ၃၀ ရက်နိညဇာ ၅ နာရီလောက်လယ်ကွင်းမှပြန်လာစဉ် အောင်ဆိပ်ရွာ အနောက်ဖက်ချောင်းတွင် ရီဆင်းချိုးရာမှ ရီမြုပ်ပျောက်ဆုံးလားခြင်းပြီး ရုပ်အလောင်းကိုတော့ ၎င်းရီဆင်းချိုးခသည့်ချောင်းထဲတွင်ပင် ဒေနိမိုးထစောစော ၂ နာရီလောက်က တွိဟိခရသည်။
ဒေါ်မကျန်စိန်မှာလည်း သြဂတ်စ် ၃၀ ရက်နိ မိုးထ ၇ နာရီလောက်ကပင် နိအိမ်မှ ထွက်လားခပြီးနောက် ပျောက်ဆုံးနီခြင်းဖြစ်ကာ ရီမြုပ်သီဆုံးနီသည့်ရုပ်အလောင်းကို ပုဏ္ဏားကျွန်းမြို့နယ်ပြင်လှရွာနား အုန်းတော၌ ဒေနိမိုးထ ၈ နာရီလောက်က တွိခရခြင်းဖြသည်။
ရက္ခိုင်တွင် ဒေရက်ပိုင်းအတွင်း အကြောင်းအမျိုးမျိုးကြောင့် ရီမြုပ်သီဆုံးမှုများ နိတိုင်းဖြစ်ပွားလျက် ဟိသည်။
ဩဂတ်စ် ၃၁ ရက်နိက စစ်တွေမြို့၊ မင်းဂံ အကွက် (၉) တွင်နီထိုင်သည့် ၇ တန်းကျောင်းသားချေတယောက် ရီမြုပ်သီဆုံးခရသည့်အပြင် ဩဂတ်စ် ၃၀ ရက်နိကလည်း မင်းပြားမြို့နယ်၊ ကြောင်ရှည်ချောင်းရွာက ၃ တန်းကျောင်းသားချေ တယောက်ရီမြုပ်သီဆုံးခရသိမ့်သည်။
APM မှ ကောက်ယူထားသည့် စာရင်းအရ ဩဂတ်စ်လအတွင်းမှာပင် ရက္ခိုင်ပြည်မြို့နယ်များမှ အကြောင်းအမျိုးမျိုးကြောင့် ရီမြုပ်သီဆုံးလူ ၃၀ နီပါးအထိဟိသည်။