
APM ၊ စပ်တမ်ဘာ ၁ / ၂၀၂၃
ပါကစ္စတန်နိုင်ငံ အနောက်ဖက်ပိုင်းဟိ ခိုင်ဘာ ပါတ်ခတန်ခွာပြည်နယ်၊ ဘန်နူခရိုင်တွင် ဩဂတ်စ် ၃၁ ရက်နိက ပါကစ္စတန် စစ်တပ် ယာဉ်တန်းတခု အသီခံဗုံးဖောက်ခွဲတိုက်ခိုက်ခံရမှုကြောင့် စစ်သား ၉ ယောက်သီဆုံးလားကြောင်း သိရသည်။
အဆိုပါ ဗုံးခွဲတိုက်ခိုက်မှုကို မော်တော် ဆိုင်ကယ်စီးလာသည့် လူတယောက်က ပြုလုပ်ခခြင်းဖြစ်ပြီး စစ်သား ၉ ယောက်သီဆုံးမှု အပြင် တခြားစစ်သား ၅ယောက်လည်း ထိခိုက်ဒဏ်ရာရဟိခကြောင်း အာဏာပိုင်များက ဆိုသည်။
ပါကစ္စတန်ဝန်ကြီးချုပ် အန်နဝါအာဟာ့တ်က အဆိုပါတိုက်ခိုက်မှုသည် သူရဲဘောကြောင်သည့် အကြမ်းဖက်လုပ်ရပ်ဖြစ်ပြီး ပြစ် တင်ရှုံ့ချကြောင်း ပြောကြားသည်။
အဆိုပါဗုံးခွဲတိုက်ခိုက်မှုကို မည်သည့်အဖွဲအစည်းမှ ပြုလုပ်ကြောင်း ထုတ်ဖော်ပြောကြားခြင်းမဟိသည့်အတွက် စုံစမ်းစစ်ဆီးမှုများပြုလုပ်နီကြောင်း အာဏာပိုင်များက ပြောဆိုထားသည်။
အသီခံဗုံးဖောက်ခွဲတိုက်ခိုက်ခသည့်နီရာသည့် ပါကစ္စတန်တာလီဘန်အဖွဲ့ TTP လှုပ်ယှားသည့်နီရာဖြစ်ပြီး ကုန်ခသည့် အပတ်ကလည်း TTPအဖွဲ့၏ တိုက်ခိုက်မှုကြောင့် ပါကစ္စတန်စစ်သား ၆ယောက် သီဆုံးခသိမ့်သည်။
အလားတူ ပြီးခသည့် ဂျူလိုင်လကလည်း ခိုင်ဘာ ပါတ်ခတန်ခွာပြည်နယ်၊ ခရာမြို့တွင် နိုင်ငံရီးဟောပြောပွဲတခုအတွင်း အသီခံဗုံးခွဲ တိုက်ခိုက်မှုကြောင့် လူ ၆၀ နီးပါးသီဆုံးခရသိမ့်ကြောင်း သိဟိရသည်။
Source – 9 Soldiers Killed In Pakistan In Suicide Blast
Photo – AP
