
APM၊ စပ်တမ်ဘာ ၁ /၂၀၂၃
စစ်တွေကမ်းခြီတွင် ဒေနိ(စပ်တမ်ဘာ ၁ ရက်နိ) မိုးထ ၈ နာရီလောက်က မွီးကင်းစအချေတယောက်၏ ရုပ်အလောင်း တွိဟိခရကြောင်း သိရပါသည်။
ယင်းအချေရုပ်အလောင်းကို စစ်တွေမြို့ ၊အနောက်စံပြရပ်ကွက်၊ စစ်တွေဟိုတယ်နားကမ်းခြီတွင်တွိရခြင်းဖြစ်ပြီး ရုပ်အလောင်းဘေးနားတွင်မိခင်အသုံးအဆောင်ပစ္စည်းများလည်း ပါဟိသည်ဟုဆိုသည်။
အဆိုပါ အချေမှာ မွီးပြီး ရက်ပိုင်းလောက်ရာဟိသည်ဟု ခန့်မှန်းရပြီး အနံ့လည်း မထွက်သည့်အတွက် သြဂတ်စ် ၃၁ ရက်နိညဇာလောက်ကလာရောက် စွန့်ပစ်ခြင်းဖြစ်နိုင်ကြောင်း မျက်မြင်ဒေသခံများက ပြောသည်။
လက်ဟိတွင် အဆိုပါ အချေ၏ ရုပ်အလောင်းကို ရွှီရောင်မေတ္တာဖောင်ဒေးသျှင်းမှ သယ်ဆောင်၍ စစ်တွေဆီးရုံကြီး(ရင်ခွဲရုံ)သို့ ပို့ဆောင်ထား ကြောင်းသိရပါသည်။

Please follow and like us: