APM၊ စပ်တမ်ဘာ ၁ / ၂၀၂၃
ဘင်္ဂလားဒေ့ချ်နိုင်ငံတွင် ဒေနှစ်အတွင်း သွီးလွန်တုပ်ကွေးရောဂါဖြစ်ပွားမှုကြောင့် သီဆုံးလူ ၆၀၀ နီပါးဟိလာကြောင်း သိရသည်။
ဩဂတ်စ် ၃၁ ရက်နိအထိ ၂၄ နာရီအတွင်း သွီးလွန်တုပ်ကွေးလူနာ ၁၇ ယောက် ထပ်မံ သီဆုံးခရာ သီဆုံးလူ ၅၉၃ ယောက်ဟိလာကြောင်း ကျန်းမာရီးဝန်ကြီးဌာနက ထုတ်ပြန်သည်။
တချိန်တည်းတွင် မြို့တော်ဒါကာ၌ သွီးလွန်တုပ်ကွေးဖြစ်ပွားနီသည့် လူနာ ၃၈၁၇ ယောက်အပါအဝင် နိုင်ငံတဝှမ်းဟိ ဆီးရုံ များ၌ စုစုပေါင်းဆီးကုသမှုခံနီရလူ စုစုပေါင်း ၈,၃၇၈ ယောက်အထိ ဟိနီသည်ဟု ဆိုသည်။
ယင်းကြောင့် အစိုးရ၏ မှတ်တမ်းများအရ ဘင်္ဂလားဒေ့ချ်တွင် ဒေဂုနှစ်အတွင်း သွီးလွန်တုပ်ကွေးဖြစ်ပွားလူ စုစုပေါင်း ၁၂၃,၈၀၈ယောက်ဟိလာကာ ယင်းအထဲမှ ပြန်ကောင်းလာလူ ၁၁၄,၈၃၇ယောက်ဟိသည်။
ဘင်္ဂလားဒေ့ချ်နိုင်ငံတွင် ကုန်ခသည့် ၂၀၂၂ ခုနှစ်ကလေ့ သွီးလွန်တုပ်ကွေးကြောင့် လူ ၂၈၁ ယောက် သီဆုံးခသိမ့်သိဟိရသည်။
Source – Dengue: 17 dead, 2,308 hospitalized in 24 hours
Photo – Dhaka Tribune