APM ၊ စပ်တမ်ဘာ ၁ / ၂၀၂၃
မြောက်ဦးမြို့နယ်က မုန်တိုင်းသင့် စာသင်ကျောင်းတချို့ကို လက်ဟိအချိန်ထိ ပြုပျင်နိုင်ခြင်းမဟိသိမ့်၍ ကျောင်းသား/ ကျောင်းသူများ စာသင်ကြားရီးပိုင်း၌ အခက်ကြုံနီကတ်ရကြောင်း သိရသည်။
မေ ၁၄ ရက်နိက တိုက်ခတ်ခသည့် Mocha ဆိုင်ကလုန်းမုန်တိုင်းကြောင့် မြောက်ဦးမြို့နယ်၊ ပဒိုင်း ၊ ပြလှ ၊ င/စွယ်ကန် ၊ ကင်းချောင်း၊ အရက်သေမ၊ ရမ်းဝ၊ နကန်၊ တောဘွေ ၊ ဘာညို စသည့်ကျေးရွာများအပါအဝင် ကျေးရွာပေါင်း ၃၀ ကျော်၌ စာသင်ကျောင်းများပြိုပျက်ခရသည်။
အဆိုပါ ကျေးရွာများ၌ လုံးဝ ပြိုပျက်လားသည့် စာသင်ကျောင်းအများစုသည် လက်ဟိမုန်တိုင်းအပြီး ၃ လကျော်ကြာလာ သည့်တိုင် ပြန်မပျင်နိုင်သိမ့်၍ ကျောင်းသား/ကျောင်းသူများ စာသင်ကြားရီးပိုင်းတွင် အခက်ကြုံနီကတ်ရကြောင်း ကျောင်းသားမိဖများက ပြောသည်။
တချို့ ခေါင်မိုးလန်လားသည့်ကျောင်းများတွင် တာပေါ်လင်စများဖြင့် ယာယီဆောက်လုပ်ကာ စာသင်နီကတ်ရပြီး တချို့ ဘုန်းကြီးကျောင်း၊ ဓမ္မာရုံစသည့် သာသနိက အဆောက်အအုံများတွင် Grade အလိုက် အချိန်ခွဲ၍ စာသင်နီကတ်ရ သည်များလေ့ ဟိသည်။
အဆိုပါ ကျေးရွာများသို့ အကူအညီလာရောက်လှူဒါန်းခြင်းမဟိသလောက်ဖြစ်နီပြီးကိုယ်ထူကိုယ်ထ ပြုပျင်ရန်လေ့ အခက်ကြုံနီရကြောင်း ရွာသားများက ဆိုသည်။
လက်ဟိတွင် ပျက်းစီးနီသည့် အဆိုပါစာသင်ကျောင်းအား ပြန်ပြုပျင်ရန် အရေးတကြီးလိုအပ်နီပြီး၊ သက်ဆိုင်ရာတာဝန်ဟိ သူများက အယင်ဆုံးကူညီဆောင်ရွက်ပီးစီလိုကြောင်း ဆရာ/ဆရာမများနန့် ရွာသူ/ရွာသားများက မိတ္တာရပ်ခံတောင်းဆိုနီ ကတ်သည်။