APM ၊ စပ်တမ်ဘာ ၁ / ၂၀၂၃
အာဖဂန်နစ္စတန်နိုင်ငံ၏ လက်ဟိအာဏာရ တာလီဘန်အစိုးရသည် တရုတ်၊ အီရန်၊ တူရကီနန့် ဗြိတိန်နိုင်ငံရို့မှ အမေရိကန် ဒေါ် လာ ၆ ဘီလီယံကျော်တန်ဖိုးဟိသည့် သတ္တုတူးဖော်ရီးစာချုပ်ကို ဩဂတ်စ် ၃၁ ရက်နိတွင် လက်မှတ်ရွီးထိုးလိုက်သည်။
ထက်ခ်ခါ၊ ဂေါရ် ၊ ဟေရတ်နန့် လိုဂါပြည်နယ်များဟိ ရွှိ၊ ကြေးနီ၊ သံ၊ ခဲ၊ သွပ်တူးဖော်ရီးနန့် သန့်စင်ရီး လုပ်ငန်းများလုပ် ကိုင်မည့် ကန်ထရိုက်လုပ်ငန်း ၇ ခု ကို လက်မှတ်ရွီးထိုးခြင်းဖြစ်ကြောင်း တာလီဘန်သတ္တုနန့် ရီနံလုပ်ငန်းဝန်ကြီး ချာဟတ်ဘ်ဗူဒင် ဒီလာဝါ က ပြောကြားသည်။
အာဖဂန် စီးပွားရီး ဒုတိယ၀န်ကြီးချုပ် အဗ္ဗဒလ်ဂါနီဘရတ်ဒါ က စာချုပ်စာတမ်းများဆိုင်ရာ ကြေညာချက်တွင် အသေးစိတ် အချက်အလက်စကေကိုရာ ဖော်ပြထားကေလေ့ အဆိုပါသဘောတူညီချက်သည် အလုပ်အကိုင် ထောင်ပေါင်း များစွာကို ဖန်တီးပီးပြီး နိုင်ငံ၏ စီးပွားရီးအခြေအနီကို သိသိသာသာ တိုးတက်ကောင်းမွန်လာမည်ဟု ဆိုသည်။
တာလီဘန်အစိုးရသည် ၂၀၂၀ ခုနှစ်က အာဏာရလာပြီးနောက် နိုင်ငံ၏ စီးပွားရီးကို ပြန်လည်ရှင်သန်လာစီရန်အတွက် နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုများကို ဆွဲဆောင်နီရာ လက်ဟိအချိန်တွင် အာဖဂန်အစိုးရ၏ ဘတ်ဂျက် ၈၀ ရာခိုင်နှုန်းမှာ နိုင်ငံတကာမှ ရသည့် ဝင်ငွေများဖြစ်ကြောင်း သိဟိရသည်။
Source – Taliban say they have signed mining contracts worth USD 6.5 billion in Afghanistan
Photo Anadolu Agency