APM ၊ စပ်တမ်ဘာ ၁ / ၂၀၂၃
အမေရိကန်၊ အင်ဒိုနီးသျှားနန့် တခြား ၅ နိုင်ငံမှ တပ်ဖွဲ့ဝင်များသည် အင်ဒိုနီးသျှားနိုင်ငံ၊ ဂျာဗားကျွန်းတွင် ဩဂတ်စ် ၃၁ ရက်နိမှစ၍ နှစ်ပတ်ကြာ စစ်ရီးလိကျင့်မှုများ ပြုလုပ်နီကြောင်း သိရသည်။
Supar Garuda Shield ဟုနာမည်ပီးထားသည့် အဆိုပါ စစ်ရီးလိကျင့်မှုကို အမေရိကန်၊ အင်ဒိုနီးသျှားမှ တပ်ဖွဲ့ဝင် များက၂၀၀၉ ခုနှစ်မှစတင် ပြုလုပ်လာခြင်းဖြစ်ပြီး ကုန်ခသည့် ၂၀၂၂ခုနှစ်တွင် ဩစတြီးယား၊ ဂျပန်နန့် စင်ကာပူရို့မှ ပူးပေါင်းပါဝင်ခကာ ဒေနှစ်တွင် ဗြိတိန်၊ ပြင်သစ်ရို့မှ တပ်ဖွဲဝင် ၅၀၀၀ လောက် ထပ်မံပါဝင်လာခြင်းဖြစ်သည်။
ယင်းအပြင် ဘရူနိုင်း၊ ဘရာဇီး၊ ကနေဒါ၊ ဂျာမနီ၊ အိန္ဒိယ၊ မလေးသျှား၊ နယ်သာလန်၊ နယူးဇီလန်၊ ပါပူဝါနယူးဂီနီ၊ ဖိလစ်ပိုင်၊ တောင်ကိုရီးယားနန့် အရှိတီမောရို့မှလည်း ယင်းစစ်ရီးလိကျင့်မှုကို လေ့လာသူအဖြစ် တက်ရောက်နီကြောင်း သိရသည်။
အဆိုပါ လိကျင့်မှုတွင် ပါဝင်နီသည့် နိုင်ငံ ၁၉ နိုင်ငံသည် အင်ဒို-ပစိဖိတ်ဒေသကို ကာကွယ်ရန် ဘက်ပေါင်းစုံ စည်းလုံး ညီညွတ်မှုကိုပြသနီကြောင်း အမေရိကန်စစ်တပ် ပစိဖိတ်ဒေသဆိုင်ရာ စစ်ဦးစီးချုပ် ဗိုလ်ချုပ်ကြီး Charles Flynn က ပြောကြားခသည်။
စစ်ရီးလိကျင့်မှုတွင် အများဆုံးအဖြစ် အမေရိကန်မှ တပ်ဖွဲဝင် ၂၁၀၀ နန့် အင်ဒိုနီးသျှားမှ တပ်ဖွဲဝင် ၁,၉၀၀ ပါဝင်ကာ ကွပ်ကဲမှု နန့် ထိန်းချုပ်ခြင်း၊ ကုန်ရီနှစ်သွယ်စစ်ဆင်ရီး၊ လီကြောင်းချီစစ်ဆင်ရီး၊ လီယာဉ်ကွင်းသိမ်း ယူခြင်းလိ ကျင့်ခန်းများနန့် တခြားပေါင်းစပ် လိကျင့်ခန်းများ ပါဝင်မည်ဖြစ်ကြောင်း သိဟိရသည်။
Source – US, Indonesia and 5 other nations hold war drills amid China concerns/ AP
Photo – AP