APM၊ စပ်တမ်ဘာ ၁ / ၂၀၂၃
ဆာအိုလာ စူပါတိုင်ဖွန်းမုန်တိုင်း နီးကပ်လာသည့်အတွက် ဟောင်ကောင်တွင် ပို့ဆောင်ရီးလုပ်ငန်းများဖြစ်သည့် လီယာဉ်ခရီးစဉ်၊ ရထားခရီးစဉ်များနန့် အလုပ်ရုံ၊ စာသင်ကျောင်းများကို ယာယီ ပိတ်ထားရကြောင်း သိရသည်။
ဆာအိုလာစူပါတိုင်ဖွန်းမုန်တိုင်းသည် တနာရီကို ၁၅ ကီလိုမီတာ (၉ မိုင်) နှုန်းနန့် ဟောင်ကောင်ကမ်းရိုးတန်းကို ရွှိလျားနီပြီး လီတိုက်နှုန်း တနာရီကို ၂၀၅ ကီလိုမီတာ( ၁၂၇မိုင်)ဖြင့် ကမ်းရိုးတန်းသို့ ဝင်ရောက်နိုင်ကြောင်း ဟောင်ကောင် မုန်တိုင်းစောင့်ကြည့်ရီးဌာနက ပြောကြားသည်။
ဟောင်ကောင်အာဏာပိုင်များက မုန်တိုင်းသတိပီးချက်အမြင့်ဆုံး အနီရောင်အဆင့် ထုတ်ပြန်ထားပြီး စာသင်ကျောင်းများ နန့် စီးပွားရီးလုပ်ငန်းများ၊ သယ်ယူပို့ဆောင်ရီးလုပ်ငန်းများကို စပ်တမ်ဘာ ၄ ရက်နိအထိ ယာယီ ပိတ်ထားမည် ဟုဆိုသည်။
မုန်တိုင်းသည် ဒေနိ(စပ်တမ်ဘာ ၁ရက်နိ)၊ မွန်းလွဲပိုင်းတွင် ဟောင်ကောင်ကန်းရိုးတန်းမှ ကုန်းတွင်းပိုင်းကို ဝင်ရောက်မည် ဖြစ်ပြီး ကမ်းရိုးတန်းဒေသများတွင် ဆိုးရွားသည့် ရီကြီးရီလျှံမှုများ ဖြစ်ပေါ်လာနိုင်ကြောင်း သတိပီးထားသည်။
အလားတူ တရုတ်ပြည်မကြီးတွင်လည်း မုန်တိုင်းအတွက် အမြင့်ဆုံးသတိပီးချက်ထုတ်ပြန်ထားပြီး ဖူကျန့်ပြည်နယ်မှ လူ ပေါင်း ၁သိန်းကျော်ကို နီရာရွှိပြောင်းပီးထားကြောင်း တရုတ်အစိုးရ၏ Global Times မီဒီယာက ဖော်ပြသည်။
ယင်းအပြင် တရုတ်နိုင်ငံဟိမြို့အများအပြားတွင် စပ်တမ်ဘာ ၃ ရက်နိအထိ ရထားပေါင်း ၄၀၀၀ နီးပါးနန့် လီကြောင်း ခရီးစဉ်တချို့ ဗြီးဆွဲမှု ရပ်နားထားမည်ဖြစ်ကြောင်း CCTV သတင်းတွင် ဖော်ပြချက်အရ သိဟိရသည်။
Source – Typhoon Saola churns toward south China, suspending transport and delaying the school year
Photo – AP