
APM၊ ဩဂတ်စ် ၁/ ၂၀၂၃
တရုတ်နိုင်ငံနန့် အာရပ်စော်ဘွားများပြည်ထောင်စု(UAE)နိုင်ငံရို့အကြား ပထမဆုံးအကြိမ် ပူးတွဲစစ်ရီးလိကျင့်မှုကို တရုတ် နိုင်ငံ အနောက်မြောက်ပိုင်း ချင်းကျန်း (ဝေဂါ) ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသတွင် ဒေဂု ဩဂတ်စ်လအတွင်း စတင် ပြလုပ် မည်ဟု သိရသည်။
“Falcon Shield-2023” ဟု နာမည်ပီးထားသည့် အဆိုပါပူးတွဲစစ်ရီးလိကျင့်မှုအတွင်း နှစ်နိုင်ငံလီတပ်များ ပထမဆုံးအကြိမ် အဖြစ် ပူးတွဲလိကျင့်လားမည်ဖြစ်သည်။
ဒေပူးတွဲစစ်ရီးလိကျင့်မှုမှ နှစ်နိုင်ငံစစ်တပ်များအကြား လက်တွိကျသော ကူး လူးဆက်ဆံမှုများနန့်ပူးပေါင်းဆောင်ရွက်မှု၊ အပြန်အလှန်ယုံကြည်မှု များမြှင့်တင်ရန် ရည်ရွယ်ထားကတ်သည်။
UAE အနီနန့် တရုတ်နိုင်ငံမှ L-15 အဆင့်မြင့်လိကျင့် ရီးဂျက်လီယာဉ် အများအပြား ဝယ်ရန် လက်မှတ်ထိုးပြီးနောက်ပိုင်း တွင် ဒေဂုပိုင် ပူးတွဲစစ်ရီးလိကျင့်မှု ထွက်ပေါ်လာခြင်း ဖြစ်သည်။
UAE သည် တရုတ်နိုင်ငံမှ ၂၀၁၇ခုနှစ်တွင် Blue Arrow 7 တင့်ဖျက်ဒုံးကျည်များကို ဝယ်ယူခပြီး လက်ဟိတွင်လေ့ တရုတ် နိုင်ငံမှ တိုက်ခိုက်ရီးဒရုန်းများကို ဝယ်ယူအသုံးပြုလျက်ဟိကြောင်းSouth China Morning Post က ဖော်ပြသည်။
Source – Air forces of China, UAE to conduct first joint training in August
Photo – Reuters
