
APM၊ ဩဂတ်စ် ၁/ ၂၀၂၃
တရုတ်နိုင်ငံ၊ဘေကျင်းမြို့၌ မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် ရီကြီးရီလျှံမှုများဖြစ်ပွားပြီး လူ ၁၁ ယောက်သီဆုံးကာ၂၇ ယောက် ပျောက်ဆုံးနီကြောင်း ဒေနိ (ဩဂတ်စ် ၁ ရက်နိ) တွင် CCTVက ဖော်ပြသည်။
ကုန်ခသည့် ဂျူလိုင် ၂၉ရက်နိမှစ၍ ဘေကျင်းမြို့တဝိုက်တွင် နာရီ ၄၀ကြာ မိုးပြင်းပြင်းထန်ထန် ဆက်တိုက်ရွာသွန်းခပြီးနောက် တောင်ကျရီများကျဆင်းမှုကြောင့် မြို့တော်အနှံ့ရီကြီးရီလျှံမှုများဖြစ်ကာ လူသီဆုံးမှုနန့် ပျောက်ဆုံးမှုများ ဖြစ်ပေါ်နီခြင်းဖြစ်သည်။
မိုးသည်းထန်စွာရွာသွန်းမှုကြောင့် အာဏာပိုင်များက ရထားဘူတာများကို ပိတ်ထားပြီး နီအိမ်များ၊ ဒေသခံအများအပြားကို စာသင်ကျောင်းနန့် အားကစားရုံများသို့ ရွှိပြောင်းပီးခရကြောင်း သိရသည်။
လက်ဟိတွင် ဘေကျင်းမြို့တော်၊မန်တူဂိုအရပ်တွင် အိမ်ထောင်စု ၁၅၀,၀၀၀ လောက် သောက်သုံး ရီပြတ်လပ်နီပြီး အစိုးရမှ အရေးပေါ် ထောက်ပံ့မှုများ ပီးဆောင်ရန် ရီတပ်သင်္ဘော ၄၅စီး စီလွှတ်ခကြောင်း Beijing Daily သတင်းကလေ့ ဖော်ပြထားသည်။
အလားတူ မန်တူဂိုဒေသ၊ ရထားဘူတာရုံတခု၌ ပိတ်မိနီသူများကို စစ်တပ်မှ တပ်ဖွဲ့ဝင် ၂၆ယောက်နန့် ရဟတ်ယာဉ် ၄ စီး စီလွှတ်ကာ စားနပ်ရိက္ခာများ ပီးပို့ခရသည်ဟု ဆိုသည်။
ပြီးခသည့် ဂျူလိုင်လအစောပိုင်းကလေ့ ချုံချင့်မြို့တွင် ရီကြီးရီလျှံမှုများကြောင့် အနည်း ဆုံးလူ ၁၅ ယောက် သီဆုံးခပြီး လျောင်းနင် ပြည်နယ်တွင် လူ ၅၆၀ လောက်ကို ဖီးလွတ်ရာသို့ ပို့ဆောင်ခရသည်။
ကုန်ခသည့် ၂၀၂၁ ခုနှစ်က တရုတ်နိုင်ငံ၊ ဟီနန်ပြည်နယ်တွင် ရီကြီးရီလျှံမှုများကြောင့် လူ ၃၀၀ ကျော် သီဆုံးခပြီး အဆိုးဝါးဆုံး ရီကြီးမှုဖြစ်သည့် ၁၉၉၈ခုနှစ် ရီကြီးမှုတွင် လူပေါင်း ၄,၁၅၀ သီဆုံးခကြောင်း သိဟိရသည်။
Source – 11 dead and 27 missing in flooding around Beijing after days of rain
Photo – AP
