APM ၊ ဩဂတ်စ် ၁/၂၀၂၃
အားကောင်းသော မုန်တိုင်းချေ၏ အဟိန်ကြောင့် ရက္ခိုင်တွင် မိုးအဆက်မပြတ် ရွာသွန်းနီ၍ သံတွဲမြို့နန့် တောင်ကုတ်အပါ အဝင် ရက္ခိုင်ပြည်မြို့နယ်တချို့ဟိ မြီနိမ့်ပိုင် ဒေသများတွင် ရီနစ်မြုပ်မှုများဖြစ်ပေါ်နီကြောင်း သိရသည်။
မိုးလီဝသနန့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက ဒေနိ(ဩဂတ်စ် ၁ ရက်နိ)ညဇာ ၄ နာရီအချိန် ထုတ်ပြန်ချက်အရ အားကောင်း သော မုန်တိုင်းချေသည် ဘင်္ဂလားဒေ့ချ် ကမ်းလွန်သို့ ရောက်ဟိလားပြီး ကပ္ပလီပင်လယ်ပြင်နန့် ဘင်္ဂလားပင်လယ်အော်တွင် မုတ်သုံလီ အားကောင်းနီကာ ရက္ခိုင်တွင် ဒေသအလိုက်နီရာကွက်၍ မိုးကြီးနိုင်သည်ဟုဆိုသည်။
ယင်းမုန်တိုင်းချေ၏ အဟိန်ကြောင့် ရက္ခိုငိပြည် နီရာအများစုတွင် မိုးအဆက်မပြတ်ရွာသွန်းနီပြီး ကမ်းရိုးတန်းဒေသများနန့် မြီနိမ့်ပိုင်းဒေသများတွင် တောင်ကျချောင်းရီများ ဝင်ရောက်လာ ရီနစ်မြုပ်မှုများဖြစ်ပေါ်လျက်ဟိကြောင်း ဒေသခံများ ပြောကြားချက်အရသိရသည်။
သံတွဲမြို့တွင်လေ့ ဂျူလိုင် ၃၁ ရက်နိကပင်လက်ဟိအချိန်ထိ မိုးအဆက်မပြတ်ရွာသွန်းနီရာ နံတော်တောင်ရပ်ကွက်၊ ငကျော် တောင်ရပ်ကွက်အပါအဝင် မြီနိမ့်ပိုင်းရပ်ကွက်အများစု၌ ရီနစ်မြုပ်လျက်ဟိသည်ဟု မြို့ခံများကပြောသည်။
ယင်းအပြင် တောင်ကုတ်တွင်လေ့ မြို့ပေါ် မြီနိမ့်ပိုင်းရပ်ကွက်များဖြစ်သည့် ဂူတာရပ်ကွက်၊ ဆီးရုံကွက်သစ်၊ အင်းခုံတောင် ရပ်ကွက်ရို့၌ လက်ဟိတွင် တောင်ကျချောင်းရီများ ဝင်ရောက်နီသည်ဟုဆိုသည်။
ပေါက်တော၊ ရသေ့တောင် အပါအဝင်ရက္ခိုင်ပြည်မြို့နယ်တချို့တွင်လေ့ မြီနိမ့်ပိုင်းဒေသတချို့၌ ချောင်းရီဝင်ရောက်မှုများ ဖြစ်ပေါ် နီပြီး မိုးဆက်လက်ရွာသွန်းနီပါက ရီကြီးရီလျှံမှုဖြစ်လာမည့် အခြေအနီဟု ဒေသခံများပြောကြားချက်အရ သိရသည်။
Photo – Narinjara