APM၊ သြဂတ်စ် ၁ /၂၀၂၂
ကျောက်တော်၊ မဟာမုနိဘုရားမှာ တပ်စွဲထားသည့် စစ်ကောင်စီတပ်က ဒေနိ(သြဂတ်စ် ၁ ရက်နိ) နိခင်း ၁၂ နာရီ ကျော်တွင် အပြစ်မဲ့ပြည်သူ ၃ ယောက်ကို ထပ်မံဖမ်းဆီးလိုက်ကြောင်း သတင်းရဟိသည်။
အဖမ်းခံလိုက်ရသည့် ဒေသခံ ၃ ယောက်မှာ ကျောက်တော်မြိုနယ် သရက်တပင်ရွာမှ ဦးမောင်စောသာနန့် နောက်ထပ် ၂ ယောက်ရို့ဖြစ်ပြီး၊ သူ့ရိုကို မဟာမုနိဘုရားမြောက်ဘက်မုခ်ဝနားဟိ ဒေါ်စိန်ထမင်းဆိုင်ရှိတွင် ဖမ်းလားခကြောင်း ဒေသခံများ က ပြောသည်။
လက်ဟိတွင် ယင်းအဖမ်းခံထားရသူများကို ကျောက်တော်အခြီစိုက် စစ်ကောင်စီတပ် အမှတ် (၉) စစ်ဆင်ရီးကွပ်ကဲမှုဌာနချုပ်သို့ ကားနန့်ယူဆောင်လားပြီး၊ မဟာမုနိဘုရားရှိ၌လေ့ စစ်ကားများထပ်တိုးချထားသည်ဟု ဒေသ သတင်းရင်းမြစ်များက ဆိုသည်။
ကုန်ခသည့် ဂျူန် ၂ဝ ရက်နိကလေ့ စစ်ကောင်စီတပ်သည် ကျောက်တော်မြိုနယ်မှ အမျိုးသမီး ၄ ယောက်အပါအဝင် အပြစ်မဲ့ အရပ်သားပြည်သူ ၇ ယောက်ကို ဖမ်းဆီးခကြောင်း ရက္ခိုင်အမျိုးသား အဖွဲ့ချုပ်/ ရက္ခိုင့်တပ်တော် (ULA/AA)က ဂျုန် ၂၇ ရက်နိ မှာ သတင်းထုတ်ပြန်ထားသည်။
ယင်း ၇ ယောက်အထဲမှ အမျိုးသမီး ၄ ယောက်ကိုတော့ ဂျုန် ၂၁ ရက်နိတွင် ပြန်လွတ်ပီးလိုက်ပြီး လူထုဇော်ဝင်း အပါအဝင် ကျန်အမျိုးသား ၃ ယောက်ကို စစ်ကောင်စီက မြန်မာပြည်ဆူပူအောင်လှုံ့ဆော်မှု ဥပဒေပုဒ်မ ၅၀၅(က)နန့် ကျောက်တော်မြို့နယ် တရားရုံးတွင် အမှုဖွင့်တရားစွဲထားကြောင်း သိရသည်။
(Zawgyi)
ကျောက်တော် ဒေသခံ ၃ ယောက်ကို စစ်ကောင်စီ ထပ်ဖမ်း
APM၊ သြဂတ်စ် ၁ /၂၀၂၂