APM၊ ဂျူလိုင် ၁/၂၀၂၂
ဒေနိ (ဂျူလိုင် ၁ ရက်နိ) မွန်းလွဲ ၂ နာရီလောက်က ကျောက်တော်အခြီစိုက် ခမရ (၃၇၅) တပ်ရင်းအနား ထောင်ထားသော မိုင်းနင်းမိ၍ ပေါက်ကွဲမှုဖြစ်ကာ ကျောက်တော် ဒေသခံတယောက် ပြင်းပြင်းထန်ထန် ဒဏ်ရာရလားပြီး၊ အဂုအခါ စစ်တွေဆီးရုံသို့ အရေးပေါ် ပို့ဆောင်လိုက်ရကြောင်း သတင်းရဟိသည်။
ဒဏ်ရာရလားလူမှာ ကျောက်တော်မြိုနယ်၊ ဝက်မှိင်းရွာက ဦိးသန်းစိန်မောင်(၄၅နှစ်)ဖြစ်ပြီး၊ ရွာအပြင်သို့ နွားကျောင်းလားစဉ် စစ်ကောင်စီတပ် ထောင်ထားသည့် မိုင်းကို နင်းမိ၍ယင်းမိုင်းပေါက်ကွဲမှုကြောင့် ဦိးသန်းစိန်မောင် ၏ ညာဖက်ခြီထောက် ပြတ်ထွက် လားပြီး၊ ဘယ်ဖက်ခြီထောက်တွင်လေ့ ပြင်းပြင်းထန်ထန် ဒဏ်ရာရလားကြောင်း ရွာသားများက ပြောသည်။
မေ ၃၁ ရက်နိကလေ့ ကျောက်တော်မြိုနယ်၊ ရုပ်သားရွာက မသိန်း(ခေါ်)ဒေါ်မတင်သိန်း (၇၅နှစ်) သည် ရွာအပြင်သို ဟင်းရှာ လားစဉ် စစ်ကောင်စီတပ်က ထောင်ထားသည့် မိုင်းကို နင်း မိခ၍ ပြင်းပြင်းထန်ထန်ဒဏ်ရာ ရဟိလားကာ ကျောက်တော်ဆီးရုံသို ပိုဆောင်စဉ် လမ်းမှာ သီဆုံးလားခသိမ့်သည်။
ဒေနိမိုင်းပေါက်ကွဲမှုဖြစ်ခသော စစ်ကောင်စီတပ် ခမရ ၃၇၅ တပ်ရင်းတွင် ကုန်ခသည့် မေ ၁၁ ရက်နိကလေ့ တပ်စခန်းပတ်လည်မှာ ထောင်ထားသောမိုင်းများပေါက်ကွဲဖြစ်ပွားခကာ ယင်းပေါက်ကွဲမှုကြောင့် တပ်အတွင်းမှာ ထိတ်လန့်မှုဖြစ်ပြီး စစ်ကောင် စီတပ်ဖွဲ့ဝင် အချင်းအချင်း ပစ်ခတ်မှုဖြစ်ပွားခကြောင်း ဒေသခံများပြောကြားချက်အရ သိရသည်။
တပြည်လုံးအတိုင်းအတာအားဖြင့် အာဏာသျှင်တော်လှန်ရီးကိုရင်ဆိုင်နီရသော စစ်ကောင်စီတပ်အနီနန့် စစ်အင်အား မလုံလောက်မှု ကို မိုင်းအမြောက်အမြားထောင်၍ ဖာထီးလျက် ဟိသည်။
ယင်းနည်းတူ ၎င်းရိုစခန်းအပြင်ဘက်၊ ၎င်းရိုလားလာလှုပ်ယှားသည့် နီရာများ၊ အများပြည်သူ လားလာသည့်နီရာ များ၊ ကျွဲ၊ နွားစား ကျက်မြီများ၌ မြီမြှုပ်မိုင်း၊ နင်းမိုင်း၊ စွန့်လွှတ်မိုင်းများကို ထောင်ထားသောကြောင့် အရပ်သားများမှာ မိုင်းနင်းမှုများ ဆက်တိုက် ဖြစ်ပေါ်လျက်ဟိသည်။
လယ်သမားများပိုင်ဆိုင်သည့် ကျွဲ၊ နွား သီဆုံးမှုများ၊ စစ်ကောင်စီတပ်မှ ထောင်ထားသော မြီမြှုပ်မိုင်း၊ စွန့်လွှတ်မိုင်း များ နင်းမိ၍ အရပ် သားများ ကိုယ်လက်အင်္ဂါ၊ အသက်ဆုံးယှုးမှုများ ဆက်တိုက် ဖြစ်ပေါ်လျက်ဟိသည်။
ဆင်းရဲနွမ်းပါးပြည်သူများ တဝမ်းတခါး ဝမ်းစာရှာဖွီသည့် တောတောင်များအစပ်၊တောတောင်များထဲ၌ မိုင်းထောင် ခြင်းများကို စစ်ကောင်စီတပ်မှရည်ရွယ်ချက်ဟိဟိပြုလုပ်လျက်ဟိနီသောကြောင့် ယခုကဲ့သို အရပ်သားများထိခိုက်၊ သီဆုံးမှု မြင့်တက်လျက် ဟိကြောင်းသိရသည်။
(Zawgyi)
ကျောက်တော်အခြီစိုက် ခမရ(၃၇၅)တပ်ရင်းအနား၌ မိုင်းနင်းမိ၍ ဒေသခံတယောက် ပြင်းပြင်းထန်ထန် ဒဏ်ရာရ၊ စစ်တွေဆီးရုံသို့ အရေးပေါ် ပို့ဆောင်
APM၊ ဂျူလိုင် ၁/၂၀၂၂
Photo – Credit
