APM၊ ဂျုန် ၁/၂၀၂၂
ရမ်းဗြဲမြို့နယ်၊ လေးတောင်မြို့တွင် တပ်စွဲ၍ မြို့အတွင်းဝင်မွှီနီသော စစ်ကောင်စီစစ်ကြောင်းသည် မေ ၃၁ ရက် နိခင်းက မြို့မှ ပြန်လည် ထွက်ခွာလားခကေလေ့ မကြာခင်ပြန်လာမည်ဟု ပြောကြားခကြောင်း ဒေသခံများက ဆိုသည်။
၎င်းစစ်ကောင်စီ စစ်ကြောင်းသည် မေ ၂၆ ရက်နိက စစ်ကားနှစ်စီးဖြင့် လေးတောင်မြို့သို့ရောက်ဟိလာပြီး လေးတောင်မြို့ အမှတ် ၄ရပ်ကွက်ဟိ ULA/AA နန့်ဆက်စပ်သူများကိုရှာသည်ဟုဆိုကာ လူနီအိမ်တချို့ကို ဝင်ရောက် မွှီနှောက်နီခကတ်သည်။
ယင်းနောက် အဆိုပါ စစ်ကောင်စီ စစ်ကြောင်းသည် လေးတောင်မြို့ သာသနိကအဆောက်အဦးများတွင် တပ်စွဲ နီထိုင်လျက် ၆ ရက် အကြာ မေ ၃၁ ရက်နိ နိခင်း ၁၂ နာရီခန့်က ပြန်ထွက်လားခကေလေ့ မကြာခင်ပြန် လာမည် ဟု ပြောကြားခကြောင်း နာမည်မဖော်လိုသော ဒေသခံတဦးက APM သို့ ပြောကြားသည်။
ယင်းစစ်ကောင်စီစစ်ကြောင်းလိုက်လံရှာဖွီနီမှုကြောင့် လေးတောင်ဒေသခံတချို့မှာ သူရို့၏ မိသားစုဝင်များနန့် အတူ နီရပ်ကိုစွန့်ခွါ၍ တိမ်းယှောင်နီကတ်ရသည်။
၎င်းစစ်ကြောင်းသည် ကျောက်ဖြူအခြီစိုက် ခမရ (၃၄) တပ်ရင်းမှ စစ်ကြောင်းတခုဖြစ်ပြီး တပ်ဖွဲ့ဝင်အင်အား ၇၀ ခန့် ပါဝင်သည်ဟု ဆိုသည်။
ယင်းနည်းတူ မေ ၁၄ ရက်နိကလေ့ လေးတောင်မြို့သို့ စစ်ကောင်စီတပ် စစ်ကြောင်းများ ဝင်ရောက်ခပြီး အဆိုပါ ဒေသမှ ဒေသခံနှစ်ယောက်ကို လိုက်လံရှာဖွီမှုများ ပြုလုပ်ခကြောင်း သိဟိရသည်။
