APM၊ ဂျုန် ၁/၂၀၂၂
လက်ဟိ ပလက်ဝမြို့နယ်၊ အဘောင်သားရွာတွင် စစ်ကောင်စီတပ်က ရွာလုံးကျွတ်ဖမ်းဆီး၍ ရွာကို အပိုင်စီးထား ပြီး၊ ဖမ်းဆီးထားသည့် ရွာသားများအပေါ် ပြင်းထန်သောလူ့အခွင့်အရေးချိုးဖောက်မှုများနန့်အတူ ရက်စက်စွာ သီလုမျောပါး ရိုက်နှက်မှုကြောင့် ဆီးကုသမှုခံယူနီရသူများ ဟိနီကြောင်း သတင်းရဟိပါသည်။
အဘောင်သားရွာသို့ မေ ၃၀ ရက်နိ မိုးထ ၁၀ နာရီကျော်လောက်က စစ်ကောင်စီတပ် တပ်မ(၅၅)၊ ခလရ (၂၃၂)၊ ခလရ (၅၃၉)ရို့ ပူးပေါင်းအင်အား ၆၀ခန့်ပါဝင်သော စစ်ကြောင်းတခု ဝင်ရောက်လာကာ ရွာသားများကို အကြမ်း ပတမ်းရိုက်နှက်ဖမ်းဆီးကာ ဖုန်းများကိုပါသိမ်းယူလျက် အချေများ၊ အမျိုးသမီးများ နန့် သက်ကြီးရွယ်အို များ အပါအဝင် ရွာသား အားလုံးကိုဖမ်းဆီးပြီး ရွာအနားဟိ “ဆူးပုပ်တောင်”သို့ ခေါ်ဆောင်လားခခြင်းဖြစ်သည်။
လက်ဟိ အဘောင်သားရွာထဲတွင် စစ်ကောင်စီတပ်သား ၂၀၀ကျော်က တရွာလုံးကို အပိုင်စီးထားလျက်ဟိသည်။
လက်ဟိမှာ ယင်းဖမ်းဆီးခံရသူရွာသားများထဲမှ ရွာသားတချို့ကို ပြန်လွတ်ပီးလိုက်ကေလေ့ အများစုကို ပလတ်ဝ အခြီစိုက် ခမရ (၂၈၉) တပ်ရင်းတွင် ရက်ရက်စက်စက်ရိုက်နှက်စစ်ဆီးနီပြီး ရွာကိုလေ့ စစ်ကောင်စီတပ်က စီးနင်း ဝင်ရောက် တပ်စွဲနီကြောင်း နာမည်မဖော်လိုသော ထွက်ဗြီးလွတ်မြောက်လာသူ ဒေသခံတယောက်က APM ကို ပြောကြားသည်။
ယင်းပိုင် စစ်ကောင်စီတပ်သားများ၏ လူမဆန်စွာ ဝိုင်းဝန်းရိုက်နှက်မှုကြောင့် ရွာသားတချို့မှာ ဒဏ်ရာပြင်းပြင်း ထန်ထန် ရဟိလားကာ ဆီးကုသမှုခံယူနီရကြောင်းလေ့ သိရသည်။
ပြန်လွတ်လာသူများကိုလေ့စစ်ကောင်စီတပ်က ရွာထဲသို့ပြန်ဝင်ခွင့်မပြု၍ တချို့မှာ ရုပ်ချောင်းဝရွာနားဟိ သရက် တောအုပ်တွင် သတိနန့် တဲဆောက်နီထိုင်နီကတ်ရပြီး၊ တချို့မှာ ပလက်ဝမြို့သို့ တိမ်းယှောင်နီကတ်ရသည်ဟု သိရသည်။
အဆိုပါ အဘောင်သားရွာတွင် အိမ်ခြီ ၁၄၀ ကျော် ဟိပြီး လူဦးရေ ၆၀၀ ကျော်ခန့် နီထိုင်ခြင်းဖြစ်ကာ လက်ဟိမှာ ရွာထဲ၌ ရွာသားတယောက်လေ့မဟိဘဲ စစ်ကောင်စီတပ်သားများသာ တပ်စွဲနီရာယူထားလျက် ရွာမှာကျန်နီသော ရွာသားများ၏ ပစ္စည်းများကို ခိုးယူစားသောက်လျက် ထင်တိုင်းကြဲနီကတ်ကြောင်း သိဟိရပါသည်။
