APM ၊ မေ ၁ / ၂၀၂၄
ဘူးသီးတောင်မြို့နယ်မာ ဧပြီ ၃၀ ရက်နိ၊ နိခင်းပိုင်းအချိန် အကြမ်းဖက်စစ်ကောင်စီတပ်က ပစ်ခတ်လိုက်တေ လက်နက်ကြီးကျည်ကျရောက် ပေါက်ကွဲလို့ ဒေသခံအမျိုးသမီး တယောက်သီဆုံးလားရေလို့ သိရပါရေ။
သီဆုံးလားရေ အမျိုးသမီးစွာ ဘူးသီးတောင်မြို့နယ်၊ ဒုံးချောင်(ရက္ခိုင်)ရွာက ဒေါ် မမြဝင်း (၃၆ နှစ်) ဖြစ်ပါရေ။
ဧပြီ ၃၀ ရက်နိ ၊ နိခင်း ၁၁ နာရီဝန်းကျင်လောက်က ဘူးသီးတောင်အခြီစိုက် အကြမ်းဖက်စစ်ကောင်စီတပ် ခလရ (၂၃၄) တပ်ရင်းကနီ အပါးဟပ်စပ်ရပ်ရွာတိသို့ ဦးတည်ပြီးကေလက်နက်ကြီး ၃ လုံး ပစ်ခတ်ခပါရေ။
ယင်းအထဲက လက်နက်ကြီးကျည်တလုံးစွာ ဒုံးချောင်(ရက္ခိုင်) ရွာထဲမာ ကျရောက်ပေါက်ကွဲခလို့ အနားမာဟိရေ ဒေါ် မမြဝင်း၏ ဘယ်ဖက်လက်နန့် ဝမ်းမာ လက်နက်ကြီးကျည်စကျပနာ နီရာမာပင် ဂွင်းချင်း သီဆုံးလားရေလို့ ရွာသားတိကပြောပါရေ။
ဒေရက်ပိုင်းအတွင်း ဘူးသီးတောင်မြို့နယ်က အကြမ်းဖက်စစ်ကောင်စီတပ်ရင်း၊ တပ်မဌာနချုပ်တိ၊ တပ်စခန်းတိကို အာရက္ခတပ်တော်က အယှိန်အဟုန်မြင့် ထိုးစစ်ဆင် တိုက်ခိုက်လျက်ဟိရာ အထိအခိုက် အကျအဆုံးများနီရေ အကြမ်းဖက်စစ်ကောင်စီစွာ အပါးဟပ်စပ်က လူနီရပ်ရွာတိကို ဦးတည်ပြီးကေ လက်နက်ကြီး၊ ဒရုန်း၊ ဂျက်တိုက်လီယာဉ်တိ အသုံးပြုပနာ နိစဉ်ရက်ဆက် ပစ်ခတ်တိုက်ခိုက်လို့ဟိနီပါရေ။