
(ဧပြီ ၂၄ ရက်နိ မှ ၃၀ ရက်နိ အထိ)
၁။ ၂၄ – ၄ – ၂၀၂၃ (တလင်းလာ)
(၁) ရက္ခိုင့်တပ်တော် AA ဆက်စပ်သည်ဟု စွပ်စွဲကာ ပုဒ်မအမျိုးမျိုးတပ်လျက် တရားစွဲခံထားရပြီး ကျောက်ဖြူမြို့ နယ် တရားရုံးတွင် အမှုရင်ဆိုင်နီရသည့် ကျောက်ဖြူဒေသခံများအမှုကို အကြောင်းအမျိုးမျိုးပြကာ ရုံးချိန်း အကြိမ်ကြိမ် ရွှိဆိုင်းခံနီရသည်။
(၂) လက်ဟိ ကျောက်တော်မြို့နယ်၊ သဲပုံရွာ စစ်ဖီးယှောင်စခန်းတွင်နီထိုင်လျက်ဟိသော ရုပ်သားရွာသားများမှာ စားနပ် ရိက္ခာ အပါအဝင်အရေးပေါ်အကူအညီ လိုအပ်နီသည်။
(၃) ရသေ့တောင်မြို့တွင် လက်နက်များယူဆောင် ထွက်ဗြီးလားခသည့် ရက္ခိုင့်တပ်တော် AA တပ်ဖွဲ့ဝင် ၂ ယောက်နန့် Democratic Party of Arakan (DPA) တပ်ဖွဲ့ဝင်ဟောင်း ၁ ယောက်ကို ဧပြီ ၂၄ ရက်နိ မိုးထ ၅ နာရီခန့်၌ AA တပ်ဖွဲ့ ဝင်များက ဖမ်းဆီးထိန်းသိမ်းလိုက်သည်။
(၄) မြောက်ဦးမြို့ ရှေးဟောင်းသမိုင်းဝင်ယဉ်ကျေးမှုအမွီအနှစ် အထင်ကရ စေတီပုထိုးများဖြစ်သော သျှစ်သောင်း၊ ထုက္ကံသိမ်၊ အံတော်သိမ်နန့်လေးမျက်နှာသိမ် ဘုရားဗုဒ္ဓပူဇနိယပွဲတော်ကို လာမည့် မေ ၂ ရက်နိမှ ၆ ရက်နိအထိ ၅ ရက် တိုင်တိုင်စည်ကားသိုက်မြိုက်စွာ ကျင်းပလားမည်ဟု သိရသည်။
(၅) မြို တိုင်းရင်းသားများ၏ (၇) ကြိမ်မြောက် မြိုအမျိုးသားနိအခမ်းအနားကို ပုဏ္ဏားကျွန်းမြို့နယ်၊ ကံသစ်ရွာတွင် ဧပြီ ၂၄ ရက်နိညဇာ ၇ နာရီ၌ စတင် ကျင်းပပြုလုပ်ခသည်။
(၆) မောင်တောမြောက်ပိုင်းဟိ ကြိမ်ချောင်းစစ်ဆီးရီးဂိတ်နန့် ကျီးကန်းပြင်ဌာနချုပ် စစ်ဆီးရီးဂိတ်များကို ဖြတ်သန်း လား လာမည့် ဒေသခံခရီးလားပြည်သူများအနီနန့် လက်ဟိအချိန်ထိ ရပ်/ကျေးအုပ်ချုပ်ရီးမှူး ထောက်ခံစာ နန့် ရာ ဖြတ်သန်း လားလာနီကတ်ရ သည်။
၂။ ၂၅ – ၄ – ၂၀၂၃ (အင်္ဂါ)
(၁) ဧပြီ ၂၄ ရက်နိတွင်ကျရောက်သော ချင်းကာကွယ်ရီးတပ်ဖွဲ(မင်းတပ်) CDF-Mindat ၏ တပ်တည်ထောင်ခြင်း (၂) နှစ်ပြည့်အခမ်းအနားသို ရက္ခိုင့်တပ်တော် အာလဖာ(၃) စစ်ဒေသမှ ဂုဏ်ပြုသဝဏ်လွှာပီးပိုလိုက်ပြီး သဝဏ်လွှာ၌ အိမ်နီးနားချင်းကောင်း မိတ်ဖက်အဖွဲအစည်းအဖြစ် အပြန်အလှန်နားလည်မှု၊ ယုံကြည်မှု၊ ဖေးမကူညီမှုများ နန့်အတူ အကောင်းဆုံးရပ်တည်ပီးလားမည်ဟု ဖော်ပြထားသည်။
(၂) ရခိုင်ပြည်တွင် ဒေနှစ်အတွင်း ရက္ခိုင်တွင် သီဟိုဠ်စိများ ဈီးကောင်းရနီကေ့လေ့ အပွင့်ပွင့်ချိန် အပျက်အစီး များခ၍ အထွက်နှုန်းကျကာ အမြတ်အစွန်းနည်းပါကြောင်း သီဟိုဠ်ပင် စိုက်ပျိုးသူများထံမှ သိရသည်။
(၃) ရမ်းဗြဲမြို့နယ်၊ ကျောက်ချောင်းတိုက်နယ်၊ အောင်လှပြင်ရွာ ကမ်းခြီတွင်ကျင်းပနီသည့် ရမ္မာဝတီကမ်းခြီ ရက္ခိုင် သင်္ကြန်ပွဲတော်ကို ဒေနိ (ဧပြီ ၂၅ ရက်နိ) ၌ အောင်မြင်စွာကျင်းပပြီးစီးခသည်။
(၄) သောက်သုံးရီမသန့်ယျှင်း ၍ ပုဏ္ဏားမြို့နယ်၊ ဗန်းဗွီးစစ်ဖီးယှောင်စခန်းတွင် အချေများ အရီပြား ရောဂါဖြစ်ပွား နီကတ်သည်။
(၅) စစ်တွေမြို့၊ ပြည်တော်သာရပ်ကွက်ဟိ နှစ်ပေါင်း ၄၀ ကျော်ကြာ ရီစင်ကြီး ပြိုကျမည့်အရေးကို ရပ်ကွက်သူ/ ရပ်ကွက် သားများ အားလုံး စိုးရိမ်နီကတ်ရသည်။
(၆) စစ်တွေမြို့မှ မနွယ်သန္တာဝင်းအသတ်ခံရမှုနန့် ပတ်သက် ၍ သီဒဏ်ချမှတ်ခံထားရသည့် KKS&KMK ကုမ္ပဏီ လီမီတက် ၏ မန်နေဂျာ ဦးမျိုးမြင့်ဇော်၏ အယူခံတင်ထားမှုကို လာမည့် မေ ၂ ရက်နိတွင် အာရက္ခပြည်သူ့အစိုးရ၏ ဗဟိုတရားရုံး၌ နှစ်ဖက်ရှိနီများ လျှောက်လဲချက်ကြားနာမည်။
၃။ ၂၆ – ၄ – ၂၀၂၃ (ဗုဒ္ဓဟူး)
(၁) ပေါက်တောမြို့နယ် ဂန်းဂျားရွာတွင် ဒုတိယအကြိမ်မြောက် ရက္ခိုင်ရိုးရာ လှီပြိုင်ပွဲကို ဧပြီ ၂၅ ရက်နိမှ ၂၇ ရက်နိထိ ၃ ရက်တိုင်တိုင် ကျင်းပခသည်။
(၂) မြန်မာစစ်တပ်ကဖမ်းယူလားခပြီး စစ်ပုန်ကန်မှုဥပဒေပုဒ်မ ၁၃၁၊ မတရားအသင်း ဆက်သွယ်မှုပုဒ်မ ၁၇(၁) ရိုနန့်တရားစွဲ ခံထားရသည့် ကျောက်တော်မြို့နယ်၊ ကာဒီရွာ (ခ) သဇင်ရွာမှ ဆန်စက်ပိုင်သျှင် ဦးလှမောင်သန်း (၄၃နှစ်) အမှုကို ဧပြီ ၂၆ ရက်နိတွင် ရုံးချိန်းထားရာမှ တရားလို မအားဟုဆိုကာ ရုံးမထုတ်ခဘဲ လာမည့် ဧပြီ ၂၈ ရက်နိသို့ ရုံးချိန်းထပ်ရွှိလိုက်ရသည်။
(၃) ဒေနှစ်ဆားရာသီတွင် ရက္ခိုင်ပြည်ထွက်ဆားများ ပြီးခသည့် နှစ်ကထက် ဈီးကောင်းရနီကြောင်း ဆားတောင်သူ များထံက သိရသည်။
(၄) ရသေ့တောင်မြို့သို့ ကုန်စည်စီးဆင်းရာ တခုတည်းသောကုန်းလမ်းဖြစ်သည့် ရသေ့တောင်-ပုဏ္ဏားကျွန်း ကားလမ်း တလျှောက် ကုန်စည်သယ်ယူခွင့်ကို လက်ဟိအချိန်ထိ မြန်မာစစ်တပ်မှ ဆက်ပိတ်ထားဆဲဖြစ်သည်။
(၅) ရမ်းဗြဲမြို့နယ်တွင် မြန်မာစစ်တပ်က ၎င်းရို့ပိုင် စစ်ရီယာဉ်(နေဗီ)များ စခန်းချရပ်နားမည့် ကျောက်တိုင်များကို အနီးအနားဟိ ပိုက်ဆိပ်များနန့် ရပ်ရွာသားများအား ငွေမပီးဘဲ အတင်းအဓမ္မစီခိုင်းမှုများပြုလုပ်ခကြောင်း ဒေသခံ ရွာသားများပြောကြားချက်အရ သိရသည်။
၄။ ၂၇ – ၄ – ၂၀၂၃ (ကြာသပတီး)
(၁) ခမီ လူမျိုးများ၏ (၁၃) ကြိမ်မြောက် ခမီအမျိုးသားနိအခမ်းအနား စစ်တွေမြို၊ ဆင်ကူးလမ်းရပ်ကွက်၊ အကွက် (၄) ဟိ ခေမာမဏ္ဍိုင်ကျောင်းတိုက်၌ ဧပြီ ၂၇ ရက်နိ မိုးထ ၈ နာရီမှ ၁၀ နာရီအထိ ကျင်းပပြုလုပ်ခသည်။
(၂) မင်းပြားမြိုဈီးဟောင်းပိုင်းရပ်ကွက်ဟိ မင်းကန်ကြီးကို ဧပြီ ၂၆ ရက်နိမှစကာ ပြန်လည်တူးဖော်နီသည်။
(၃) ရက္ခိုင်ပြည်တွင် လူမှုအကျိုးဆောင်လုပ်ငန်းများ ဆောင်ရွက်ရန်အတွက် ဂျပန်အစိုးရကလှူဒါန်းထားသည့် သင်္ဘော များကို မြန်မာစစ်တပ်က စစ်ရီးတွင်အသုံးပြုနီမှုအား ဂျပန်နိုင်ငံခြားရီးဝန်ကြီးဌာန ကန်ကွက်ကြောင်း ဂျပန်သတင်းဌာန NHK ၏ ဧပြီ ၂၅ ရက်နိတွင် ရွီးသားဖော်ပြထားချက်အရ သိရသည်။
(၄) ဂွမြို့နယ်၊ ဦးကြွေချိုင်ရွာအနား ပင်လယ်ကမ်းစပ်တွင် ဧပြီ ၂၆ ရက်နိက အလျား ၇.၅ ပေဟိ ဝေလငါးပု (Dwarf Sperm Whale) အမျိုးအစား ဝေလငါးမျိုးစိတ် အသီတကောင်ကို သောင်တင်လျက်တွိဟိခရသည်။
(၅) မြေပုံမြို့နယ်ဟိ ယိုးချောင်းတန်းထားနန့် အမ်းမြို့နယ် ကဇုကိုင်းတန်းထားကိုဖြတ်ကူးသည့် ကုန်တင်ကားများ ထံမှ မြန်မာစစ်တပ်တပ်ဖွဲ့ဝင်များက တန်းထားဖြတ်ကူးခဟုဆိုကာ ငွေ ၃ဝဝဝဝ ကျပ်စီ တောင်းယူနီသည်။
၅။ ၂၈ – ၄ – ၂၀၂၃ (သောကြာ)
(၁) မြန်မာစစ်တပ်ကဖမ်းယူလားခပြီး စစ်ပုန်ကန်မှုဥပဒေပုဒ်မ ၁၃၁၊ မတရားအသင်း ဆက်သွယ်မှုပုဒ်မ ၁၇(၁) စသည့် ပုဒ်မနှစ်ခုနန့် တရားစွဲခံထားရသည့် ကျောက်တော်မြိုနယ်၊ ကာဒီရွာ (ခ) သဇင်ရွာမှ ဆန်စက်ပိုင်သျှင် ဦးလှမောင်သန်း (၄၃နှစ်) အမှုကို ဧပြီ ၂၈ ရက်နိတွင် စစ်တွေမြို့ တရားရုံး၌ ရုံးထုတ်ခ ကေလေ့ တရားလို ထပ်မံ ပျက်ကွက်ပြန်သည်။
(၂) ရက္ခိုင်ပြည်မှာ ဒုတိယသင်္ကြန်ဟု တင်စားထားသည့် ရီပေါ်သင်္ကြန်ပွဲတော် နန့်အတူ သေလာဂီရိမောရပဗ္ဗတ ကျောက်တော်တောင်ဘုရားဗုဒ္ဓပူဇနိယ ပွဲတော်ကို စည်ကားသိုက်စွာ ကျင်းပလျက်ဟိသည်။
(၃) ရက္ခိုင်တွင် လူသိများထင်ရှားပြီး နှစ်စဉ်နှစ်တိုင်းရိုးရာအစဉ်အလာမပျက် ကျင်းပလာသည့် ရမ်းဗြဲ ရမ္မာဝတီ ရိုးရာလှီပြိုင်ပွဲကို ဒေနှစ် (၂၀၂၃ ခုနှစ်) တွင် အခြေအနေအမျိုးမျိုးကြောင့် မကျင်းပဖြစ်ဟု ပွဲကျင်းပရီး ဦးဆောင် ကော်မတီပြောသည်။
(၄) မြန်မာစစ်တပ်ကဖမ်းဆီးပြီးနောက် မြန်မာပြည်ဆူပူလှုဆော်မှုဆိုင်ရာ ဥပဒေ ပုဒ်မ ၅၀၅(က)၊ မတရားအသင်း ဆက်သွယ်မှု ဥပဒေပုဒ်မ ၁၇(၁) စသည့် ပုဒ်မ နှစ်ခုနန့် တရားစွဲခံထားရသည့် မြောက်ဦးမြို ၊ ဗန္ဓုလရပ်ကွက်မှ ဦးကို ကိုညွန့်၊ ကျောက်ရာဇ်ကေရပ်ကွက်မှ ဦးကျော်ဝင်းလှိုင်၊ တိမ်ညိုကျေးရွာမှ ဦးပြည့်စုံဝင်းရို အမှုကို ဧပြီ ၂၇ ရက်နိတွင် မြောက်ဦးမြို့နယ်တရားရုံး၌ ရုံးထုတ်ခကေလေ့ အမှုစစ်တရားသူကြီး မရောက်၍ ရုံးချိန်းထပ်ရွှိလိုက် ရသည်။
(၅) ရက္ခိုင့်တပ်တော်AAနန့်ဆက်သွယ်သည်ဟုစွပ်စွဲကာ မတရားအသင်းဆက်သွယ်မှုဥပဒေပုဒ်မ ၁၇(၁) နန့်တရား စွဲ ခံထားရသည့် ဘူးသီးတောင်မြို့နယ် တပ်မင်းချောင်းရွာ အုပ်ချုပ်ရီးမှူး ဦးဦးကျော်လှ နန့် မီးကျောင်း စျီးရွာ အုပ်ချုပ်ရီးမှူး ဦးဟာမတ်တူဆောင်း ရို့အမှုကို ဧပြီ ၂၈ ရက်နိတွင် ဘူးသီးတောင် မြို့တရားရုံး၌ ရုံးထုတ်ခကေလေ့ လိုပြသက်သီ မရောက်ဟုဆိုကာ ရုံးချိန်းထပ်ရွှိလိုက် ပြန်သည်။
၆။ ၂၉ – ၄ – ၂၀၂၃ (စနီ)
(၁) ဧပြီ ၂၈ ရက်နိ၌ ပေါက်တောမြို့နယ်၊ ညောင်ပင်ချိုင်ရွာမှ ဒေါ်သန်းနွဲ (၅၃ နှစ်) ၏ နီအိမ် မီးလောင်မှုဖြစ် ပွားခပြီး အိမ်ပိုင်သျှင် ဒေါ်သန်းနွဲနန့် စစ်တွေတက္ကသိုလ်၌ သမိုင်းမေဂျာ ပထမနှစ် တက်ရောက်နီသည့် သမီ ဖြစ်သူ မနန္ဒာလင်း (၂၂ နှစ်)ရို့ သားအမိ နှစ်ယောက်မီးထဲဝင်ပါကာ သီဆုံးလားရသည်။
(၂) မြီနီရာအခက်အခဲကြောင့် ကျောက်တော် ဝါးတောင်စစ်ဖီးယှောင်စခန်းကို နီရာအသစ်သို ပြောင်းရွှိ တည်ဆောက် လိုက်ရသည်။
(၃) စစ်တွေမြို့၊ ဆတ်ရိုးကျ ကယ်ဆယ်ရီးအကွက် (၂) သို့ ရောက်နီသည့် ပေါက်တောမြိုနယ်၊ ကံပြင်ရွာမှ ရွာလူကြီး ဦးမောင်ငြိမ်းကို ALP/ALA တပ်ဖွဲ့ဝင်များက ပြန်ပီးဆွဲယူလားခရာ ဧပြီ ၂၀ ရက်နိတွင် ကျပ်သိန်း ၃၅၀ နန့် ပြန်ရွီးခရ ကြောင်း ကာယကံသျှင်နန့် ပြန်ရွီးခရသူများကပြောသည်။
(၄) မောင်တောမြို့နယ် တောင်ပိုင်း အောင်သုခကျေးရွာနား၌ ဧပြီ ၂၉ ရက်နိ မိုးထက ဆင်တကောင်သီဆုံးလျက် တွိဟိခ ရသည်။
(၅) ဧပြီ ၂၇ ရက်နိတွင်ကျရောက်သော ကျောင်းသားလက်ရုံးတပ်တော် (Student Armed Force-SAF) ၏ တပ်တည် ထောင်ခြင်း(၂)နှစ်ပြည့်နေ့ အခမ်းအနားသို့ ရက္ခိုင့်တပ်တော် AA နိုဗာစစ်ဆင်ရီးဒေသမှ ဂုဏ်ပြုသဝဏ်လွှာပီးပို့ခသည်။
၇။ ၃၀ – ၄ – ၂၀၂၃ (တလင်းဂနီ)
(၁) ရက္ခိုင်တွင် ဆန်အပါအဝင် စားသောက်ကုန်ဈီးနှုန်းများ တရက်ထကတရက် တရိပ်ရိပ်မြင့်တက်လာနီသည်။
(၂) ပေါက်တောမြို့နယ် အလယ်ဖရုံကာကျွန်း (ပိန္နဲချောင်းကျွန်း)ပိန္နဲချောင်းရွာအနီး ဂန္တပဗ္ဗတတောင်ကုန်းထက်၌ တည်ထား ကိုးကွယ်လျက်ဟိသည့် ရှိဟောင်း သမိုင်းဝင် မာလာတော်ဓာတ် (ဦးခွံတော်ဓာတ်) စေတီတော်၏ ဗုဒ္ဓပူဇနိယ ပွဲတော်ကြီးကို စည်ကားသိုက်မြိုက်စွာကျင်းပပြီးစီးခသည်။
(၃) ရက္ခိုင်ပြည်တွင် ရိုးရာအစဉ်အလာအရ လုပ်ကိုင်နီကတ်သည့် ရက္ခိုင်ရိုးရာ ရက္ကန်းလုပ်ငန်းများမှာ လုပ်သား အင်အား နန့်အရင်းအနှီးလိုအပ်ချက်များ ကြောင့်အခက်အခဲများစွာနန့် ရင်ဆိုင်နီကတ်ရသည်။
