APM ၊ မေ ၁ / ၂၀၂၃
မန်စီးတီးက ဧပြီ ၃၁ ရက်နိ ဖူဟမ်အသင်းကို ၂ ဂိုး ၁ ဂိုးဖြင့်အနိုင်ရခသည့်ပွဲတွင် တိုက်စစ်မှူး ဟာလန်းသည်
အနိုင်ဂိုး ၁ ဂိုးသွင်းယူခပြီးနောက် တရာသီသွင်းဂိုး ၅၀ ပြည့်မြောက်ကြောင်းသိရသည်။
အသက် ၂၂ နှစ်အရွယ် ဟာလန်းသည် ဒေဂုရာသီတွင် ပြိုင်ပွဲစုံသွင်းဂိုး ၅၀ ပြည့်မြောက်ခပြီး၊ ပရီးမီးယားလိဂ် ပွဲပေါင်း ၃၀ တွင် ၃၄ ဂိုး၊ ချန်ပီယံလိဂ် ၈ ပွဲတွင် ၁၂ ဂိုး၊ FA ဖလား ၃ ပွဲတွင် ၃ ဂိုး၊ လိဂ်ဖလားတွင် ၂ ပွဲတွင် ၁ ဂိုး သွင်းယူထားသည်။
ယင်းအပြင် ဟာလန်းသည် ပြိုင်ပွဲသမိုင်းတလျှောက် တရာသီအတွင်း ပရီးမီးယားလိဂ် ဂိုးသွင်းအများဆုံးအဖြစ် စံချိန်တင်ထားသည့် အန်ဒီကိုးလ် နန့် အလန်းချီးယား ရို့၏စံချိန်ကိုပါ လိုက်မီကြောင်း သိရသည်။
ဟာလန်းသည်ဥရောပထိပ်တန်းလိဂ် ၅ ခုတွင် ဂိုးအများ ဆုံးသွင်းယူထားသည့် ကဇတ်သမားဖြစ်ပြီး၊ လက်ကျန် ပွဲစဉ် များတွင်လေ့ အန်ဒီကိုးလ် နန့် အလန်းချီးယား ရို့၏ စံချိန်ကို ကျော်ဖြတ်နိုင်ခြေဟိသည်။
လက်ဟိတွင် မန်စီးတီးအသင်းသည် ဟာလန်း၏ သွင်းဂိုးများဖြင့် ပရီးမီးယားလိဂ် အမှတ်ပီးဇယားတွင် ရမှတ် ၇၆ မှတ် ဖြင့် အဆင့် (၁) နီရာ၌ ရပ်တည်နီသည်။
Source – How many goals has Erling Haaland scored this season for Manchester City?
Photo – Twitter