APM ၊ မေ ၁ / ၂၀၂၃
ကုလားတန်စီမံကိန်း၏ အစိတ်အပိုင်းတခုဖြစ်သည့် စစ်တွေဆိပ်ကမ်းသစ်ကို လာမည့် မေ ၉ ရက်နိတွင်စတင်ဖွင့် လှစ်မည်ဖြစ်ကြောင်း သိရသည်။
ဆိပ်ကမ်းသစ်ဖွင့်ရန် အိန္ဒိယအရာဟိများသည် လာမည့် မေ ၄ ရက်နိ၌ အိန္ဒိယနိုင်ငံ၊ကာလကတ္တားမြို့ဟိ Syama Prasad Mooker ဆိပ်ကမ်းမှ ထွက်ခွာလာပြီး မေ ၉ ရက်နိတွင် စစ်တွေဆိပ်ကမ်းသို့ ရောက်မည်ဟု ဆိုသည်။
ဖိတ်ကြားထားသည့် အထူးကိုယ်စားလှယ်များမှာ မေ ၉ ရက်နိမိုးထပိုင်း၌ အထူးလီယာဥ်ဖြင့် စစ်တွေသို့ လာမည် ဖြစ်ပြီး ဆိပ်ကမ်းဖွင့်ပွဲကိုတော့ မေ ၉ ရက်နိမိုးထ ၉ နာရီမှ ၁၂ နာရီအထိ ပြုလုပ်မည်ဟု သိရသည်။
စစ်တွေဆိပ်ကမ်းသစ်ဖွင့်လှစ်ပြီးပါက စစ်တွေဆိပ်ကမ်းနန့် ကာလကတ္တားဆိပ်ကမ်းသို့ တန်ချိန် ၅၀၀၀-၆၀၀၀ သင်္ဘောများ တိုက်ရိုက် ကုန်သွယ်လားမည်ဖြစ်ပြီး စစ်တွေဆိပ်ကမ်းမှ တဆင့် ပလက်ဝမြို့သို့ ကုလားတန် မြစ်ကြောင်း ပြည်တွင်း ရီကြောင်းသင်္ဘောများဖြင့် ဗြီးဆွဲမည်ဟု ဆိုသည်။
ကုလားတန် စီမံကိန်းကို ၂၀၀၈ ခုနစ်က အိန္ဒိယနန့် သဘောတူလက်မှတ်ရွီးထိုးခပြီး အိန္ဒိယဖက်က အမေရိကန် ဒေါ်လာ သန်း ၅၀၀ ရင်းနှီးမြှုပ်နှံကာ၊ ၂၀၁၀ ခုနှစ် စပ်တမ်ဘာလမှ စ၍ အကောင်အထည်ဖော် ဆောင်ရွက်နီကြောင်း သိဟိရသည်။