APM ၊ မေ ၁ / ၂၀၂၃
သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရန် ရည်ရွယ်၍ အမ်းမြို့ နယ်၌သစ်ပင် ၁၀၀၀ ကို ဒေနိ မေ ၁ ရက်နိ( အလုပ်သမားနိ)တွင် မျိုးစိချစိုက်ပျိုးခကြောင်းသိရသည်။
သဘာဝပတ်ဝန်းကျင်နန့်ပြတောများ ထိန်းသိမ်းစောင့်ယှောက်ရီး ဆောင်ရွက်သူ ဦးမျိုးလွင်(အမ်း) ဦးဆောင်သည့်အဖွဲ့ က အမ်းမြို့နယ် ချစ်ပုံမရွာ နန့် လောင်ဗွန်းကျရွာကြား ပြိုင်းချောင်းတောင်ထက်ဟိ ပျိုးဥယျာဥ်တွင် မျိုးစိချ စိုက်မျိုးခခြင်း ဖြစ် သည်။
အဆိုပါအပင်များ၌ ကုက္ကို၊ မညှင်းချဉ်ပင်နန့် ပိန္နဲပင် စသည့်ရီမြီကိုထိန်းသိမ်းနိုင်သောအပင်များနန့် အသီးစားပင်များ ပါဝင် ကြောင်း ကိုယ်တိုင်ပါဝင် မျိုးစိချစိုက်ပျိုးခသူများက ပြောသည်။
သစ်တောများ၊ သစ်ပင်များ နန့် ပြတောများမှာ သဘာဝပတ်ဝန်းကျင်ကို အဓိက အထောက်အကူပီးသည့်အပြင် လူသားများ အဓိကလိုအပ်သည့် အောက်ဆီဂျင်ကို ထုတ်လွှတ်ပီးသည်။
ယင်းအပြင် သဘာဝပတ်ဝန်းကျင်ကို ဖျက်ဆီးပစ်သည့် ကာဗွန်များကိုလေ့ စုပ်ယူပီးနိုင်ပြီး မြီတိုက်စားမှုနန့် သဘာဝဖီး အန္တရာယ်ဖြစ်ပေါ်စီနိုင်မှုကိုလေ့ လျော့ကျစီကြောင်း သိဟိရသည်။
Photo – ABN