
APM ၊ မေ ၁ / ၂၀၂၃
ဒုတိယ အကြိမ်မြောက် သက်အမျိုးသားနိအခမ်းအနား မောင်တောမြို့ မကျည်းကုန်း ၄ မိုင် ရပ်ကွက်၌ ဒေနိ(မေ ၁ ရက်နိ)မိုးထ ၈ နာရီမှ ၁၀ နာရီအထိ ကျင်းပပြုလုပ်ခကြောင်း သိရသည်။
အခမ်းအနားကို သက်တိုင်းရင်းသားစာပီနန့် ယဉ်ကျေးမှုအသင်းက ဦးဆောင်ကျင်းပခြင်းဖြစ်ပြီးသက်လူမျိုး၏ သမိုင်း ဆိုင်ရာ ဟောပြောမှုများ၊ ရိုးရာအကများဖြင့် ဖျော်ဖြေခကတ်ကာ အခမ်းအနားသို့ ရက္ခိုင်၊ မြို၊ ဒိုင်းနက်၊ ခမီ စသည့် မျိုးနွယ်စုဆိုင်ရာ အဖွဲ့အစည်းများမှ လူဦးရေ ၃၀၀ ခန့် တက်ရောက်ခကတ်သည်။
သက်အမျိုးသားနိကို ၂၀၂၂ ခုနှစ် မေ ၁ ရက်နိတွင် စတင်ကျင်းပခပြီး သက်လူမျိုးများ စည်းလုံးညီညွတ်ရီး၊ ရိုးရာယဉ်ကျေး မှုများကို ဖော်ထုတ်နိုင်ရီးနန့် တမျိုးသားလုံး၏ ပညာရီး၊ ကျန်းမာရီး၊ လူမှုရီး စသည့်ကဏ္ဍများ ဖွံ့ဖြိုးတိုးတက်နိုင်ရီးအတွက် အခမ်းအနား ကျင်းပပြုလုပ်ရခြင်းဖြစ်ကြောင်း အခမ်း အနားစီစဉ်ကျင်းပသူများက ပြောသည်။
သက်လူမျိုး၏အခမ်းအနားကို အယင့်အယင်နှစ်များက အကြောင်းအမျိုးမျိုးကြောင့်မကျင်းပနိုင်ခကေလေ့ ကုန်ခ သည့် ၂၀၂၂ ခုနှစ်မှ စတင်၍ နှစ်စဉ်ကျင်းပလာခြင်းဖြစ်ကာ လက်ဟိဆိုလျှင် (၂) ကြိမ်မြောက် ကျင်းပခြင်း ဖြစ်သည်။
ရက္ခိုင်ပြည်တွင် သက် လူမျိုးအများစုသည် စစ်တွေ၊ ပုဏ္ဏားကျွန်း၊မြောက်ဦး၊ ကျောက်တော်၊ ဘူးသီးတောင်နန့် မောင်တော စသည့် မြို့နယ်များ၌ ပြန့်ကြဲနီထိုင်လျက်ဟိကြောင်း သိရသည်။





