
(မာ့ချ် ၂၅ ရက်နိမှ ၃၁ရက်နိအထိ)
၁။ ၂၅-၃-၂၀၂၄(တလင်းလာ)
(၁) မောင်တောမြို့နယ်ဟိ အကြမ်းဖက်စစ်ကောင်စီ၏ “ရန်အောင်မြင်စခန်း”ကို မာ့ချ် ၂၃ ရက်နိမာ အပြီးသတ် သိမ်းပိုက်ရယူလိုက်ကြောင်း ရက္ခိုင့်တပ်တော် AA က သတင်းထုတ်ပြန်ပါရေ။
(၂) အကြမ်းဖက်စစ်ကောင်စီနန့် ပူးပေါင်းတိုက်ပွဲဝင်နီရေ ဇာအဖွဲ့အစည်း၊ ဇာသူ့ကိုမဆို စစ်ကောင်စီ ဘက်တော်သား အဖြစ် သတ်မှတ်ပနာ ပြတ်ပြတ်သားသား ခြီမှုန်း တိုက်ခိုက်လားဖို့လို့ ရက္ခိုင်အမျိုးသား အဖွဲ့ချုပ် (ULA) က မာ့ချ် ၂၅ ရက်နိမာ ထုတ်ပြန်ကြေညာလိုက်ပါရေ။
(၃) ရက္ခိုင်ပြည်အတွင်း အကျိုးဖြစ်ထွန်းစီဖို့ အထောက်အကူပြုရေ ဇာနိုင်ငံခြားရင်းနှီးမြှုပ်နှံမှုမဆိုအသိအမှတ်ပြု ဖိတ်ခေါ်ကြောင်းအာရက္ခပြည်သူ့အစိုးရက မာ့ချ် ၂၅ ရက်နိမာ ထုတ်ပြန်လိုက်ပါရေ။
၂။ ၂၆-၃-၂၀၂၄ (အင်္ဂါ)
မာ့ချ် ၂၄ ရက်နိ၊ ညည့်မာ စစ်တွေမြို့၊ မကျည်းမြိုင် အကွက် (၁) ရပ်ကွက်ကအုပ်ချုပ်ရီးမှူးဟောင်း ဦးသိန်းရွှီမောင်(၆၅ နှစ်)၊ သမီးတိဖြစ်ကတ်တေ ဒေါ် ပန်းနုခိုင် (၃၃ နှစ်)၊ ဒေါ်ခိုင်ခိုင်(ခ)မြတ်နှင်းခိုင် (၃၈ နှစ်)၊ သမက်တိဖြစ်တေ ဦးဘိုဘိုနိုင် (၃၉ နှစ်)၊ ဦးသားငယ်(၃၅ နှစ်)နန့် မြီးဖြစ်သူ မသိင်္ဂီအောင် (၁၉ နှစ်) ရို့ အကြမ်းဖက် စစ်ကောင်စီက ဖမ်းယူလားခပါရေ။
၃။ ၂၇-၃-၂၀၂၄ (ဗုဒ္ဓဟူး)
(၁) ဘူးသီးတောင်အခြီစိုက် အကြမ်းဖက်စစ်ကောင်စီတပ်၏ ခမရ(၅၅၂)တပ်ရင်းကိုမာ့ချ် ၂၅ ရက်နိ၊ မွန်းတည့် ချိန်မာ ရက္ခိုင့်တပ်တော်က အပြီးသတ် သိမ်းပိုက်ပြီးဖြစ်တေလို မာ့ချ် ၂၆ ရက်နိ ထုတ်ပြန်ပါရေ။
(၂) ရသေ့တောင်မြို့နယ်မာ မာ့ချ် ၂၅ ရက်နိ၊ နိခင်းပိုင်းကအကြမ်းဖက်စစ်ကောင်စီ၏ လက်နက်ကြီးပစ်ခတ်မှုကြောင့် မိုးစဲကျွန်း၊ ညောင်ပင်ကြီးရွာက ကိုနေမျိုးဝင်း (၁၆)နှစ်၊ ဦးဦးကျော်မြင့်(၃၅ နှစ်)၊ ဒေါ်မြသန်းနု (၄၅ နှစ်)နန့် ဒေါ်ရွှီစိန်နု (၄၅ နှစ်) ရို ထိခိုက်ဒဏ်ရာ ရလားကတ်ပါရေ။
၄။ ၂၈-၃-၂၀၂၄ (ကြာသပတီး)
(၁) မာ့ချ် ၂၈ ရက်နိမိုးထပိုင်းက တောင်ကုတ်မြို့မာ အကြမ်းဖက်စစ်ကောင်စီ၏ မြို့နယ်အထွေထွေအုပ်ချုပ်ရီးအဖွဲ့၊ ရဲတပ်ဖွဲ့၊ မီးသတ်တပ်ဖွဲ့နန့် ၎င်းရို့လက်ကိုင်တုတ် ကြံ့ဖွတ်ပါတိဝင်တချို့ရို့ ဦးစီးကာ ရပ်ကျေးအုပ်ချုပ်ရီးမှူးတိ အားလုံးကိုမြို့နယ်ထွေအုပ်ရုံးသို့ ခေါ်ယူပနာ ပြည်သူ့ စစ်သင်းတန်းတက်ဖို့အတွက် ရပ်ရွာအုပ်စုတစုကို လူ ၃၀ စီပီးရဖို့လို့ အတင်းအဓမ္မ ခြိမ်းခြောက် တောင်းနီပါရေ။
(၂) မာ့ချ် ၂၇ ရက်နိမာ ရန်ကုန်မှ ရက္ခိုင်ပြည်၊ကျောက်ဖြူသို့ လီကြောင်းနန့် ပြန်လာရေ စနဲတိုက်နယ်၊ မြို့ချွိန်ရွာက ဦးကျော်လင်း(၄၃ နှစ်)၊ ကိုကျော်ဇောအောင် (၂၇ နှစ်) နန့် ကို ကိုကိုထွေး(၂၃ နှစ်)ရို့ကို အကြမ်းဖက်စစ်ကောင်စီဖမ်း ဆီးလားခပါရေ။
(၃) အကြမ်းဖက်စစ်ကောင်စီတပ်က အကြမ်းဖက်သင်တန်းပီးထားရေ ကျောက်ဖြူ၊ ကျောက်တလုံးကယ်ဆယ်ရီး စခန်း မှ မူဆလင် ၁၁၇ ယောက်အထဲက ၅၀ ကို မာ့ချ် ၂၈ ရက်နိမာ စစ်မှု စထမ်းခိုင်းခပါရေ။
၅။ ၂၉-၃-၂၀၂၄ (သောကြာ)
မြေပုံမြို့နယ်၊ ကမ်းထောင်ကြီးမြို့ကို မာ့ချ် ၂၉ ရက်နိ မိုးထက အကြမ်းဖက်စစ်ကောင်စီတပ်မှ လက်နက်ကြီးနန့် ယမ်းကားပစ်ခတ်လို့ ရွာသစ်ရပ်ကွက်က မအေးအေးမြင့် (၁၃ နှစ်)၊ ကိုသူရိန်စိုး (၁၈ နှစ်)၊ ကိုမောင်မျိုးဆက် (၂၃ နှစ်)၊ ဒေါ်မအေး (၄၂ နှစ်)၊ ဦးမောင်အေး (၄၂ နှစ်)နန့် တောင်ပိုင်းရပ်ကွက်က ဦးမောင်ဦးချေ(၅၄ နှစ်)ရို့ ဒဏ်ရာရလား ကတ်ပါရေ။
၆။ ၃၀-၃-၂၀၂၄ (စနီ)
(၁) မာ့ချ် ၂၉ ရက်နိ ညည့် ၁၁ နာရီလောက်ကစပနာ မင်းပြားမြို့နယ်၊ သေကံရွာကို အကြမ်းဖက်စစ်ကောင်စီတပ်က ဂျက်ဖိုက်တာ ၃ စီးနန့် ဗုံးအလုံးရေ ၂၀ ကျော် ဗုံးကြဲပစ်ချခလို့ သေကံရွာ၊ ပညာဗိမာန်ကျောင်းတိုက်က ဆရာတော် အသျှင်ပညာဗလ(သက်တော် ၅၇ နှစ်)နန့် ဦးစံထွန်း(၇၇နှစ်) ရို့ ထိခိုက်ဒဏ်ရာ ရဟိလားပြီးကေ သာသနိက အဆောက်အအုံ တချို့နန့် အိမ် ၁၁ ဆောင်ပျက်စီးလားခပါရေ။
(၂) ရမ်းဗြဲမြို့နယ်မာ မာ့ချ် ၃၀ ရက်နိ၊ မိုးထ ၁၁ နာရီခွဲလောက်က အကြမ်းဖက်စစ်ကောင်စီတပ်၏ ဂျက်တိုက်လီယာဉ် တစီး လာရောက်ပစ်ခတ်တိုက်ခိုက်လို့ ဖက်ကြပ်ရွာက မောင်ဖြိုးကို (၁၃နှစ်)သီဆုံးလားပြီးကေ၊ ဒေါ်ခင်ဆန်းရီ (၄၇ နှစ်) နန့် ဦးဘိုခိုင် (၅၆ နှစ်)ရို့ ထိခိုက် ဒဏ်ရာရလားပါရေ။
၇။ ၃၁-၃-၂၀၂၇(တလင်းဂနီ)
(၁) သံတွဲမြို့နယ်မာ မာ့ချ် ၂၆ ရက်နိ၊ မိုးထ ၆ နာရီအချိန်လောက်က တောင်သာရွာက ဦးဝင်းရွှီ (၄၈ နှစ်)ကို အကြမ်းဖက်စစ်ကောင်စီ မတရားဖမ်းဆီးလားခပါရေ။
(၂) မာ့ချ် ၃၁ရက်နိ၊ ညည့် ၈ နာရီလောက်က မြေပုံမြို့ နယ်၊ ကမ်းထောင်းကြီးမြို့ကို အကြမ်းဖက်စစ်ကောင်စီက ဂျက်ဖိုက်တာနန့်ဗုံးကြဲတိုက်ခိုက်ရာ ရခိုင်ကုန်းရပ်ကွက်ဟိ အခြီခံပညာ (မူလွန်)ကျောင်းနန့် ဦးစောတင်မောင်၊ ဦးနု မောင်ဦး၊ ဦးမောင်ကြီးနန့် ဦးကျော်ဘု ရို့၏ နီအိမ် မီးလောင်ပြာကျလားပါရေ။
