APM၊ ဧပြီ ၁ / ၂၀၂၄
မြန်မာပြည်အကြည်အညိုပျက်စီမှု ဥပဒေ ပုဒ်မ ၅၀၅(ခ) နန့်တရားစွဲခံထားရရေ မာန်အောင်မြို့က ဖုန်းအရောင်းဆိုင်ပိုင်သျှင် ဦးစည်သူအောင်ကို မာ့ချ် ၂၉ ရက်နိမာ အကြမ်းဖက်စစ်ကောင်စီ၏ မာန်အောင်မြို့နယ်တရားရုံးက ထောင်ဒဏ် ၃ နှစ် ချမှတ်လိုက်တေလို့ သိရပါရေ။
ဦးစည်သူအောင်ကို ကုန်ခရေ ၂၀၂၃ ခုနှစ်၊ စပ်တမ်ဘာ ၁၈ ရက်နိ၊ မိုးထ ၉ နာရီကျော်မာ အကြမ်းဖက် စစ်ကောင်စီခန့် ရပ်ကွက်အုပ်ချုပ်ရီးမှူးနန့် ရဲတပ်ဖွဲ့တိက သူ၏နီအိမ်အတွင်းသို့ ဝင်ဖမ်းလားခစွာ ဖြစ်ပါရေ။
ယင်းနောက် ဦးစည်သူအောင်ကို နိုင်ငံတော်တည်ငြိမ်အီးချမ်းရီအားပျက်ပြားစီဖို့ရည်ရွယ်လို့ လူမှုကွန်ရက်စာမျက်နှာမာလှုံ့ဆော်၊ ဝါဒဖြန့်စွာတိပြုလုပ်တေဆိုပြီးကေ မာန်အောင်မြို့မရဲစခန်းမာ ဥပဒေပုဒ်မ ၅၀၅(ခ)နန့် တရားစွဲဆိုထားခရာ ၈ လအကြာအမှုရင်ဆိုင်ခရပနာ အဂုပိုင် ထောင်ဒဏ် ၃ နှစ် ချမှတ်လိုက်စွာ ဖြစ်ပါရေ။
ဦးစည်သူအောင်စွာ ပြည်မက ဖြစ်ပြီးကေ မာန်အောင်မြို့မာ အိမ်ထောင်ကျနီပနာ မေဃသစ္စာ ဖုန်းရောင်းဆိုင်နန့် ငွေလွှဲဝန်ဆောင်မှုလုပ်ငန်းလုပ်ကိုင်နီလူဖြစ်တေပိုင် မြို့နယ်အတွင်း ပရဟိတလုပ်ငန်းတိကိုမာလည်း ထဲထဲဝင်ဝင်လုပ်ကိုင်နီဆောင်ရွက်နီလူဖြစ်ကြောင်း သိရပါရေ။