
APM ၊ ဧပြီ ၁ / ၂၀၂၃
ကျောက်တော်မြို့နယ်တွင် မာ့ချ် ၃၁ ရက်နိ ညည့်က နီအိမ်တဆောင်မီးလောင်မှုဖြစ်ပွားခပြီး အမျိုးသားတဦး မီးထဲပါလား ကာ သီဆုံးလားကြောင်း သိရပါသည်။
မီးလောင်လားသည့်နီအိမ်မှာ ကျောက်တော်မြို့နယ် အပေါက်ဝကျေးရွာ၊ ပေါ်တော်မူရပ်ကွက်မှ ဦးလှမောင်သာ၏ နီအိမ် ဖြစ်ပြီး သီဆုံးလားသူမှာ ဦးလှမောင်သာ၏သား ကိုထွန်းရွှီ (ခေါ်) မောင်ပြားချေ ( ၃၀ နှစ်)ဖြစ်သည်။
ကိုမောင်ပြားချေသည် မာ့ချ် ၃၁ ရက်နိ ညည့် ၉ နာရီခွဲက မိမိနီအိမ်၌အိပ်နီစဉ် နီအိမ်ထမင်းချက်ခန်းဟိ မီးဖို၊မီးကြွင်း၊မီးကျန်မှတဆင့် အနားဟိ အုန်းထရံသို့ ကူးစက်ကူးလောင်ကျွမ်းခခြင်း ဖြစ်သည်။
ယင်းမီးလောင်မှုကြောင့် အိမ်တခုလုံးမီးလောင်ပြာကျလားသည့်အပြင် အိမ်အတွင်းဟိ ဦးမောင်ပြားချေမှာလေ့ မီးလောင် သီဆုံးလားခကြောင်း သိရသည်။
မီးလောင်မှုကိုတော့ အနားဟိ ရွာသူ/ရွာသားများဝိုင်းဝန်းငြိမ်းသတ်မှုကြောင့် ညည့် ၁၀ နာရီခန့်တွင် မီးငြိမ်းလားခသည်။
ရက္ခိုင်ပြည်တွင် ကုန်ခသည့် ဂျန်နဝါရီလမှစ၍ လက်ဟိအချိန်ထိ မီးလောင်မှုကြောင့် သံဃာတော် တပါးအပါအဝင် စုစု ပေါင်း လူ ၄ ဦး သီဆုံးခပြီးဖြစ်ကြောင်း သိဟိရသည်။
