
APM ၊ ဧပြီ ၁ / ၂၀၂၃
စစ်တွေတွင် Arakan Art Gallery ၏ (၁) နှစ်ပြည့် ပန်းချီပြပွဲနန့်ပထမဆုံးအကြိမ် ပန်းချီကားများလီလံတင်ရောင်း ချပွဲကို နက်ဖြန် ဧပြီ ၂ ရက်နိတွင် ကျင်းပလားမည်ဟု သိရသည်။
ပထမဆုံးအကြိမ် ကျင်းပမည့် ပန်းချီ လီလံတင်ရောင်းချပွဲကို စစ်တွေမြို့ မောလိပ်ရပ်ကွက်၊ Arakan Art Gallery ပန်းချီ ပြခန်း၏တနှစ်ပြည့်အထိမ်းအမှတ်နန့်အတူ ကျင်းပလားမည်ဖြစ်ကြောင်း ပြခန်းနန့် နီစပ်သူတယောက်က APM ကို ပြော သည်။
အဆိုပါပွဲတွင် မြောက်ဦးကိုအခြီခံထားသည့် ပန်းချီများ အပါအဝင် ပန်းချီဆရာ ၂၄ ယောက်၏ ပန်းချီကားချပ် ၁၀၀ ကျော်ပါဝင်ပြီး ဧပြီ ၂ ရက်နိ နိခင်း ၁ နာရီမှ ညဇာ ၅နာရီအထိ Arakan Art Gallery ပြခန်း၌ပြသလားမည် ဟုဆို သည်။
ယင်းပန်းချီကား၁၀၀ အထဲမှ ပန်းချီကားချပ် ၁၅ ချပ်ကို လီလံတင် ရောင်းချလားမည်ဖြစ်ပြီး အဆိုပါပန်းချီဆရာ များမှာ ဆရာရွှေသိန်း၊ ဆရာအောင်နိုင်၊ဆရာသူရကျော် ၊ဆရာ အောင်လင်းထွန်း၊ဆရာမ နှင်းသီရိ ၊ဆရာမ ဖြူစင်သန့် ရို့၏ ပန်းချီ ကားများဖြစ်သည်။
Arakan Art Gallery ပန်းချီပြခန်းကို ကုန်ခသည့် ၂၀၂၂ ဧပြီ ၁ ရက်နိက စစ်တွေမြို့ မောလိပ်ရပ်ကွက်၌ ဝမ်းကွဲ ညီအစ်ကို ၂ ယောက်ဖြစ်သည့် ကို ခိုင်သူရိန် နန့် ကိုစိုးသန်းရို့က စတင် ပြုလုပ်ခခြင်းဖြစ်ကြောင်းသိရသည်။
Photo – Arakan Art Gallery


