APM ၊ ဧပြီ ၁ / ၂၀၂၃
စစ်တပ်အာဏာသိမ်းပြီး ၂ နှစ်ကြာ နိုင်ငံရီး၊ စစ်ရီးပဋိပက္ခများကြား၌ မြန်မာ့စီးပွားရီးသည် ဆိုးဆိုးဝါးဝါးနိမ့် ကျနီအုံးမည် ဟု ကမ္ဘာ့ဘဏ်က မာ့ချ် ၃၁ ရက်နိတွင် အစီရင်ခံစာ ထုတ်ပြန်သည်။
လာမည့် စပ်တမ်ဘာလတွင် ပြီးဆုံးမည့် ဘဏ္ဍာနှစ်အတွက် နိုင်ငံ၏ ဂျီဒီပီသည် ၃ ရာခိုင်နှုန်းသာ တိုးတက်မှု ဟိမည်ဟု အစီရင်ခံစာတွင် ဖော်ပြထားသည်။
မြန်မာပြည်အတွင်း ကျယ်ပြန့်လာသည့် အကြမ်းဖက်မှုများ၊ ပိုဆိုးလာသည့် လျှပ်စစ်ဓာတ်အားပြတ်တောက်မှုနန့် အုပ်ချုပ် သူများ ၏ မူဝါဒအမှားများကြောင့် နိုင်ငံရီးနန့် လူမှုရီး မတည်ငြိမ်မှုများဖြစ်ပေါ်ရာမှ စီးပွားရီး ဆိုးရွားစွာ ကျဆင်းနီခြင်း ဖြစ်သည်ဟု ဆိုသည်။
အဓိကအားဖြင့် လျှပ်စစ်ဓာတ်အားပြတ်တောက်မှု၊ ထောက်ပံ့ပို့ဆောင်မှု အနှောင့်အယှက်များ၊ ကုန်သွယ်မှုနန့် နိုင်ငံခြားငွေ လဲလှယ်မှုအပေါ် ကန့်သတ်ချက်များနန့် စည်းမျဉ်းစည်းကမ်း မသေချာမှုများကြောင့် မြန်မာ့စီးပွားရီး တိုးတက်မှုနှုန်းမှာ ပိုမို ကောင်းမွန်လာဖွယ်မဟိကြောင်း အစီရင်ခံစာတွင် ပါဟိသည်။
ကမ္ဘာ့ဘဏ်၏ အဆိုအရ မြန်မာပြည်၏ ပြည်တွင်းအသားတင်ထုတ်ကုန် ဂျီဒီပီသည် ၂၀၂၁ ခုနှစ်တွင် ၁၈ ရာခိုင်နှုန်း ခန့် တိုးတက် ခကေလေ့ ၂၀၂၂ ခုနှစ်တွင်မှု ၃ ရာခိုင်နှုန်းသာ တိုးတက်ခကြောင်း သိရသည်။
ယင်းအပြင် စားသောက်ကုန်နန့် လောင်စာဆီ ဈီးနှုန်းမြင့်တက်ခြင်း၊ ဝယ်လိုအားကျဆင်းခြင်းများကြောင့် မြန်မာကျပ်ငွေ၏ တန်ဖိုးမှာ အမေရိကန်ဒေါ်လာနန့် နှိုင်းယှဉ်လျှင် ၃၁ ရာခိုင်နှုန်းအထိ ကျဆင်းလားသည်ဟု ဆိုသည်။
ပြီးခသည့်နှစ်က ဒေါ်လာဈီးမြင့်တက်ခြင်းနန့် နိုင်ငံခြားငွေ လိုအပ်ချက်မြင့်မားခြင်းများကို ထိန်းချုပ်ရန် စစ်ကောင်စီ၏ ဗဟို ဘဏ်ကဝန်ကြီးဌာနများနန့် ဒေသဆိုင်ရာအစိုးရများအား ပြည်တွင်းငွေလွှဲပြောင်းမှုတွင် နိုင်ငံခြားငွေ အသုံးမပြုရန် ကန့် သတ်ချက်များကြောင့်လေ့ စီပွားရီးလုပ်ငန်းများအတွက် အခက်အခဲဖြစ်ရကြောင်း ဖော်ပြထား သည်။
Source – Myanmar economy to remain “severely diminished” amid conflict -World Bank
Photo – World Bank