
APM ၊ ဧပြီ ၁ / ၂၀၂၃
စစ်တွေတွင် မာ့ချ် ၃၁ ရက်နိက ကန် တော်ကြီးကို ရီဖြည့်ရန် မြီအောက်ရီတူးဖော်မှုအား စက်ခလုပ်ဖွင့်၍ ရီစမ်းသပ် ရီဖြည့်တင်းရာ၌ “အောင်မြင်မှုမဟိ”ဟုစစ်ကောင်စီဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောကြားခကြောင်း သိရသည်။
ဒုတိယအကြိမ် စစ်တွေမြို့သို့ ရောက်ဟိလာခသည့် စစ်ကောင်စီဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် မာ့ချ် ၃၁ ရက် နိက ကန်တော်ကြီးသို့ ရီဖြည့်ပီးမည့် အဝီစိတွင်းကိုစမ်းသပ်ခရာမှာ ရီမထွက်သဖြင့်တာဝန်ဟိသူများ အရေးယူခံရနိုင်သည် ဟု သတင်းများထွက်ပေါ်လျက်ဟိသည်။
မြီအောက်ရီကို စစ်တွေမြို့နယ် သင်္ဂနက်ကျေးရွာနန့် ကန်တော်ကြီးအကြားတွင် စက်ယန္တရားကြီးများနန့် တူးဖော် နီကေလေ့ ရီထွက်အလွန်နည်းပါး၍မအောင် မြင်နိုင်ကြောင်း ရီတူးဖော်သူများက ဆိုသည်။
ယေကေလေ့ ရခိုင်ပြည်နယ်စစ်ကောင်စီ ဥပဒေချုပ် ဦးလှသိန်းကတော့ စစ်တွေမြို့ကို ရီအလုံအလောက်ပီးနိုင်ရီး ကန်တော် ကြီးမှာ အကူရီဖြည့်ဖို့အတွက် အနက်ပေ ၂၀၀ နန့် အဝီစိတွင်း ၄ တွင်း တူးဖော်ထားပြီး တရက်ကို ရီဂါလံပေါင်း နှစ်သိန်း လေးသောင်း ဖြည့်ပီးမည်ဟု အခိုင်အမာပြောထားသည်။
စစ်တွေမြို့က ကန်တော်ကြီးမှာ အင်္ဂလိပ်ခေတ်က လူဦးရေ သုံးသောင်းလောက်အတွက်ရာ တည်ဆောက်ခခြင်း ဖြစ်ပြီး လက်ဟိ စစ်တွေမြို့တွင် လူဦးရေ သုံးသိန်းကျော် ယင်းကန်မှရီကို သောက်သုံးနီကတ်ရသည်။
ကန်တော်ကြီးရီမလုံလောက်၍ နှစ်စဉ်တူးဖော်နီကတ်ရပြီး ၂၀၁၆ -၂၀၁၇ မှာ ပြည်နယ်စည်ပင်၊ ဆည်မြောင်းနန့် ရီအသုံး ချမှု စီမံခန့်ခွဲရီး ဦးစီးဌာန၊ JICA အဖွဲ့ရို့ပူးပေါင်းလျက် ငွေကျပ်သန်း ၁၈၆၈ သန်းဖြင့် အကြီးစားပြုပြင်မှုများလေ့ ဆောင် ရွက်ခသိမ့်သည်။
Photo – Western News

