APM ၊ ဧပြီလ ၁ / ၂၀၂၃
ကျောက်တော်မြို့ဟိ သိမ်ပြင်စစ်ဖီးယှောင်စခန်းတွင် ဧပြီလ ၁ ရက်နိ မိုးရွာသွန်းမှုကြောင့် ခေါင်မိုးများပျက်စီးကာ မိုးယို၍ စစ်ဖီးယှောင်များ နီစရာအခက်အခဲများဖြင့်အရေးပေါ်ရင်ဆိုင်ကတ်ရကြောင်း စခန်းတာဝန်ခံများကဆိုသည်။
စစ်ဖီးယှောင်စခန်း၏ တာဝန်ခံတဦးက ” ခေါင်မိုးပျက်လို့နီစရာခက်ခဲနီရေ မိသားစုတိကို လောလောဆယ်မှာ အမိုး ကောင်းရေ အဆောင်တိမှာ ယာယီစုထားပါရေ” ဟု ပြောသည်။
ယင်းအပြင် အဆိုပါ စစ်ဖီးယှောင်စခန်းမှ တချို့စစ်ဖီးယှောင်များမှာ နီရပ်သို့ပြန်လားခ၍ လစ်လပ်အဆောင်များတွင် ယာယီ နီရာချပီးထားသည်ဟုလေ့ ၎င်းက ဆိုသည်။
လက်ဟိသိမ်ပြင်စစ်ဖီးယှောင်စခန်း၌ ရွာပေါင်း ၁၇ ရွာမှ အိမ်ထောင်စု ၁၁၃ စုနန့် လူဦးရေ ၄၈၀ ဟိပြီး ယင်းအထဲမှ အိမ် ထောင်စု ၃၁ စုမှာ မာ့ချ် ၃၁ ရက်နိကပင် နီရပ်ပြန် လားသည်ဟုသိရသည်။
Please follow and like us: