
APM ၊ ဧပြီ ၁ / ၂၀၂၃
ရုသျှနိုင်ငံသို့ ဒရုန်းများအပါအဝင် သံမဏိ၊ အလူမီနီယံနန့် လီယာဉ်များ တင်ပို့မှုကို တားမြစ်လိုက်ကြောင်း ဂျပန် ကုန်သွယ်ရီးဝန်ကြီးဌာနကမာ့ချ် ၃၁ ရက်နိတွင် ထုတ်ပြန်သည်။
ရုသျှသမ္မတ ဗလာဒီမာပူတင်ဦးဆောင်သည့် မော်စကိုအစိုးရ၏ ယူကရိန်းသို့ ကျူးကျော်ဝင်ရောက်မှုကို ဆန့်ကျင်သည့် အနီနန့် ဂျပန်နိုင်ငံမှ ယင်းသို့ ပိတ်ဆို့အရေးယူမှု ချမှတ်လိုက်ခြင်းဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
ရုသျှနိုင်ငံသို့ တင်ပို့မှုပိတ်ပင်လိုက်သည့်အထဲတွင် ဆောက်လုပ်ရီးစက်ပစ္စည်းများ၊ သင်္ဘောအင်ဂျင်များ၊ စမ်းသပ် ကိရိ ယာများနန့် စက်မှုပစ္စည်းများလေ့ပါဝင်ပြီး အဆိုပါစီမံချက်သည် လာမည့် ဧပြီ ၇ ရက်နိတွင် စတင်မည်ဟု ဆိုသည်။
ဂျပန်သည် အယင်ကလေ့ ရုသျှနိုင်ငံသို့ မီးပုံးပျံများ၊ ဂလိုက်ဒါများ၊ လီယာဉ်အစိတ်အပိုင်းများ၊လီထီးများ၊ ပျံသန်းရီး လိကျင့်ကိရိယာများ၊ ရီအောက်နန့် အလင်းကြည့်စနစ်များကဲ့သို့ စက်မှုပစ္စည်းများကို အများအပြား တင်ပို့ခြင်းမှ တားမြစ် ထားသည်။
တချိန်ထဲတွင် ရုသျှသည် ရိက္ခာအထောက်အပံ့နန့် အလဲအလှယ်လုပ်ပြီး မြောက်ကိုရီးယားမှ နောက်ထပ် လက်နက်များ ဝယ်ယူရန် ကြိုးပမ်းနီကြောင်း အမေရိကန်က စွပ်စွဲထားသည်။
Source – Japan bans steel, components for aviation, space industry & drones exports to Russia in latest sanctions on Ukraine war
Photo – AP
