
APM ၊ မာ့ချ် ၁ / ၂၀၂၃
ရက္ခိုင့်တပ်တော် AA နန့်ဆက်စပ်သည်ဟုဆိုကာ မတရားအသင်းဆက်သွယ်မှု ဥပဒေပုဒ်မ ၁၇(၁)နန့် တရားစွဲခံ ထားရသည့် မြောက်ဦးမြို့နယ်၊ တိန်ညိုရွာဟိ သာလီစွ ဆီဆိုင်ပိုင်သျှင်အမှုကို ဒေနိ(မာ့ချ် ၁ ရက်နိ)တွင် မြောက်ဦးမြို့နယ်တရားရုံး၌ ရုံးထုတ်ခကာ လိုပြသက်သီတယောက်ကို စစ်ဆီးခကြောင်းသိရသည်။
၁၇(၁)နန့် တရားစွဲခံထားရသည့် သာလီစွ ဆီဆိုင်ပိုင်သျှင်မှာ ဦးကျော်သိန်းလှိုင်(၄၆)နှစ်ဖြစ်သည်။
အမှုကို ဒေနိတွင် မြောက်ဦးမြို့နယ်တရားရုံး၌ ရုံးထုတ်ခပြီးလိုပြသက်သီတယောက်ကို စစ်ဆီးခကာ လာမည့် မာ့ချ် ၈ ရက်နိသို့ ထပ်မံ ရုံးချိန်းလိုက်ကြောင်း မိသားစုဝင်များက ပြောသည်။
ဦးကျော်သိန်းလှိုင်သည် မြောက်ဦးမြို့ ထမ္မရာဇ်ရပ်ကွက်တွင်နီထိုင်သူဖြစ်ပြီး ကုန်ခသည့် ၂၀၂၂ ခုနှစ် အောက်တို ဘာ ၂၃ ရက်နိတွင် မြန်မာစစ်တပ်တပ်ဖွဲ့ဝင်များက ၎င်းနီထိုင်ရာ ထမ္မရာဇ်ရပ်ကွက်မှ နီအိမ်ထဲသို့ ဝင်ရောက် ဖမ်းဆီးခခြင်း ဖြစ်သည်။
ယင်းနောက် ဦးကျော်သိန်းလှိုင်ကို စရဖတပ်ဖွဲ့မှ ဗိုလ်ကြီး ကျော်ကျော်ထွန်းဆိုသူ တရားလိုလုပ်၍ မြောက်ဦးမြို့ တရားရုံး၌ ၁၇(၁)နန့် တရားစွဲထားခြင်း ဖြစ်သည်။
လက်ဟိတွင် ဦးကျော်သိန်းလှိုင်ကို မြောက်ဦးမြို့မ ရဲစခန်း၌ ထိန်းသိမ်းချုပ်နှောင်ထားကြောင်း သိရသည်။
