
APM ၊ မာ့ချ် ၁ / ၂၀၂၃
မြန်မာစစ်တပ်ကဖမ်းဆီးပြီးနောက် မြန်မာပြည်ဆူပူလှုံ့ဆော်မှုဆိုင်ရာ ဥပဒေပုဒ်မ ၅၀၅(က)၊ မတရားအသင်း ဆက်သွယ်မှုဥပဒေပုဒ်မ ၁၇(၁)စသည့် ပုဒ်မ ၂ ခုနန့် တရားစွဲခံထားရသည့် မြောက်ဦးဒေသခံ ၃ ယောက်အမှုကို ဒေနိ(မာ့ချ် ၁ ရက်နိ)တွင်မြောက်ဦးမြို့နယ်တရားရုံး၌ ရုံးထုတ်ပြီး ဥပဒေအရာဟိ မဟိ၍ မစစ်နိုင်ခဘဲ လာမည့် မာ့ချ် ၁၄ ရက်နိသို့ ရုံးချိန်းထပ်ရွှိကြောင်း သိရသည်။
အဆိုပါ ပုဒ်မ ၂ ခုနန့် တရားစွဲခံထားရသူများမှာ မြောက်ဦးမြို့၊ ကျောက်ရစ်ကေရပ်ကွက်မှ ဦးကျော်ဝင်းလှိုင်၊ ဗန္ဓုလရပ်ကွက်မှ ဦးကိုကိုညွန့်နန့် တိမ်ညိုကျေးရွာမှ ဦးပြည့်စုံဝင်းရို့ ဖြစ်ကတ်သည်။
သူရို့ ၃ ယောက်ကို ဒေနိတွင် မြောက်ဦးမြို့နယ်တရားရုံး၌ ရုံးထုတ်ခကေလေ့ ဥပဒေအရာဟိခွင်ယူထားသည် ဟုဆိုကာ မစစ်ဆီးခဘဲ လာမည့်မာ့ချ် ၁၄ ရက်နိသို့ ရုံးချိန်းရွှိလိုက်ကြောင်း မိသားစုဝင်များကပြောသည်။
ဦးကျော်ဝင်းလှိုင်၊ ဦးကိုကိုညွန့်နန့် ဦးပြည့်စုံဝင်းရို့ကို ကုန်ခသည့် ၂၀၂၂ ခုနှစ် ဂျုန် ၂၂ ရက်နိတွင် မြန်မာစစ်တပ်မှ ဖမ်းယူလားခသည်။
ယင်းနောက် သူရို့ ၃ ယောက်ကို စရဖတပ်ဖွဲ့မှ ဗိုလ်ကြီး ကျော်ကျော်မင်းက တရားလိုလုပ်ကာ မြောက်ဦးမြို့နယ် တရား ရုံး၌ ပုဒ်မ ၅၀၅(က)၊ ၁၇ (၁)ရို့နန့်တရားစွဲဆိုထားခြင်း ဖြစ်သည်။
လက်ဟိတွင် ၎င်းရို့ ၃ ယောက်စလုံးကို မြောက်ဦးမြို့မရဲစခန်း၌ ထိန်းသိမ်းချုပ်နှောင်ထားကြောင်း သိရသည်။
