APM ၊ မာ့ချ် ၁ / ၂၀၂၃
လာမည့် မာ့ချ် ၈ ရက်နိတွင် စတင်ကျင်းပမည့် ၂၀၂၃ ခုနှစ် တက္ကသိုလ်ဝင်စာမိန်းပွဲအား ဝင်ရောက်ဖြေဆိုရန် လျှောက်ထားသူ စုစုပေါင်း ၁၇၉၆၇၇ ယောက်ဟိပြီး ယင်းအထဲတွင် ပြင်ပဖြေဆိုသူ တသိန်းခွဲကျော်ပါဝင်သည် ဟု မြန်မာပြည်စာစစ်ဌာနမှ သိရသည်။
အဆိုပါ ၁၇၉၇၄၂ ယောက်သည် ဖေဖော်ဝါရီ၂၀ ရက်နိအထိ မြန်မာတပြည်လုံးအတိုင်းအတာ နန့် လျှောက်လွှာတင်ထားသူများဖြစ်ပြီး စနစ်ဟောင်းနောက်ဆုံးနှစ် စာမေးပွဲဖြစ်၍ ကျောင်းတွင်းဖြေဆိုသူ ၂၇၉၉၅ ယောက် ၊ ပြင်ပဖြေဆိုသူက ၁၅၁၆၈၂ ယောက်ပါဝင်သည်ဟု ပြောဆိုထားသည်။
ယင်းအပြင် ၂၀၂၃ ခုနှစ် တက္ကသိုလ်ဝင်စာမိန်းပွဲအား မာ့ချ် ၈ ရက်တွင် မြန်မာစာ၊ ၉ ရက်တွင် အင်္ဂလိပ်စာ၊ ၁၀ ရက်တွင် သင်္ချာ၊ ၁၃ ရက်တွင် ဓာတုဗေဒ၊ ၁၄ ရက်တွင် ရူပဗေဒ၊ ၁၅ ရက်တွင် ဇီဝဗေဒ/ဘောဂဗေဒ၊ ၁၆ ရက်တွင် ပထဝီဝင်၊ ၁၇ ရက်တွင် သမိုင်း၊ ၁၈ ရက်တွင် စိတ်ကြိုက်မြန်မာစာရို့အား မိုးထ ၉ နာရီ ကနီ မွန်းတည့် ၁၂ နာရီအထိ ဖြေဆိုရမည်ဖြစ်သည်။
မြန်မာပြည်စာစစ်ဦးစီးဌာနအနီနန့် ပြည်တွင်းစာစစ်ဌာနပေါင်း ၈၅၈ ခု နန့် ပြည်ပ စာစစ်ဌာနပေါင်း ၅ ခုဖွင့်လှစ်ပီးဖို့ ဖြစ် ကြောင်း စာမိန်းပွဲဝင်ရောက်ဖြေဆိုမည့်သူများ၏ လုံခြုံရီး၊ကျန်းမာရီးရို့အတွက် ပြည်ထဲရီးဝန်ကြီးဌာန၊ ကျန်းမာရီးဝန်ကြီးဌာနရို့ နန့် ညှိနှိုင်းဆောင်ရွက်လျက်ဟိကြောင်းလေ့သိရသည်။