
APM ၊ ဖေဖော်ဝါရီ ၁ / ၂၀၂၃
စစ်အာဏာသိမ်းသည့် ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီ ၁ ရက်နိမှ ၂၀၂၃ ခုနှစ်၊ ဂျန်နဝါရီ ၃၁ ရက်နိအထိ ကရင်နီပြည်တွင် စစ်ရီး၊ နိုင်ငံရီးပဋိပက္ခများအတွင်း အရပ်သားပြည်သူ ၄၃၀ သီဆုံးခကြောင်း တိုးတက်သော ကရင်နီပြည်သူ့အင်အားစု PKPF က ဒေနိဖေဖော်ဝါရီ ၁ ရက်နိတွင် ထုတ်ပြန်သည်။
သီဆုံးခသည့် အရပ်သားပြည်သူ ၄၃၀ ထဲမှ ပဋိပက္ခများအတွင်း သတ်ဖြတ်ခံရ၍ သီဆုံးသူ ၃၀၂ယောက်နန့် စစ်ဖီးယှောင် ယင်းသီဆုံးလားသူ ၁၂၈ ယောက်ဟိကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြသည်။
သီဆုံးခသည့် စစ်ဖီးယှောင်ပြည်သူ ၁၂၈ ယောက်တွင် လက်နက်ကြီးကျရောက်ပေါက်ကွဲမှုနန့် လီယာဉ်နန့်ဗုံးကြဲတိုက်ခိုက်မှုကြောင့် ၁၄ ယောက်သီဆုံးခခြင်းပြီး၊ တခြားသူများမှာ နီမကောင်း၍ အချိန်မှီဆီးမကုသလိုက်ရသောကြောင့် သီဆုံးခသူများဖြစ်သည်။
ယင်းအပြင် ၂ နှစ်တာ ကာလအတွင်း ကရင်နီပြည်တွင် ကရင်နီလက်နက်ကိုင်အဖွဲ့များ၊ PDF များနန့် စစ်ကောင်စီရို့ အကြား တိုက်ပွဲပေါင်း ၅၆၂ ကြိမ်ဖြစ်ပွားခပြီး၊ ကရင်နီအမျိုးသားကာကွယ်ရီးတပ်(KNDF)၊ ကရင်နီတပ်မတော် (KA)နန့် PDF များဖက်မှ ၂၁၉ ယောက် သီဆုံးခကာ စစ်ကောင်စီဖက်မှ ၁၅၈၁ ယောက် သီဆုံးခသည်ဟု ဆိုသည်။
အဆိုပါတိုက်ပွဲများအတွင်း ဘာသာရီးအဆောက်အဦး ၂၈ လုံး နန့် နီအိမ် ၁၃၁၇ လုံး ပျက်စီးဆုံးယှုံးခပြီး စစ်ကောင်စီဖက်မှ လီကြောင်းတိုက်ခိုက်မှု အကြိမ်ပေါင်း ၁၉၀ ပြုလုပ်ခကြောင်း၊ စစ်ကောင်စီမှ ပြည်သူ ၂၇၉ ယောက်ကို ဖမ်းဆီးခကြောင်း ဖော်ပြထားသည်။
Photo – PKPF
