
APM ၊ ဖေဖော်ဝါရီ ၁ / ၂၀၂၃
မြန်မာပြည်တွင် အာဏာသိမ်းကာလ ၂ နှစ်အတွင်း စစ်ကောင်စီက ဖမ်းဆီးထားသည့် သတင်းသမားများအားလုံးကိုချက်ချင်းပြန်လွှတ်ပီးဖို့ သတင်းသမားများကာကွယ်စောင့်ယှောက်ရီးကော်မတီ CPJ က စစ်အာဏာသိမ်းမှု ၂ နှစ်ပြည့်သည့် ဂျန်နဝါရီ ၃၁ ရက်နိတွင် ကြေညာချက်ထုတ်၍ တောင်းဆိုလိုက်သည်။
အာဏာသိမ်း၂နှစ်အတွင်း မြန်မာပြည်၏ သတင်းလွတ်လပ်ခွင့်သည် ပို၍ဆိုးဝါးလာနီကြောင်း၊စစ်ကောင်စီမှ သတင်းသမားများအား ဖမ်းဆီးသတ်ဖြတ်မှုများကို ပစ်မှတ်ထားလုပ်ဆောင်ခကြောင်းနန့် သတင်းသမားများကို ဘက်ပေါင်းစုံက ဖိနှိပ်ထားကြောင်း CPJ ၏ အရှိတောင်အာသျှဆိုင်ရာ အကြီးတန်းကိုယ်စားလှယ် Shawn Crispin က ပြောကြားသည်။
ယင်းကြောင့် စစ်ကောင်စီအနီနန့် သတင်းသမားများကို နှိပ်စက်ညှဥ်းပမ်းမှုများကို ချက်ချင်းရပ်တန့်ရန်နန့် ဖမ်းဆီးထားသူများကို ချက်ချင်းလွှတ်ပီးရန် CPJ က တောင်းဆိုထားသည်။
မြန်မာပြည်သည် ကမ္ဘာတွင် သတင်းသမားများကို ဖမ်းဆီးထောင်ချသည့်နိုင်ငံများအနက် တတိယအဆိုးရွားဆုံး နိုင်ငံဖြစ်ပြီး၊ ပြီးခသည့် ၂၀၂၂ ခုနှစ်၊ ဒီဇမ်ဘာလအထိ သတင်းသမား ၄၂ ယောက် အကျဉ်းချခံထားရသည်ဟု CPJ က ဆိုသည်။
ယင်းအထဲမှ သတင်းသမားအများစုမှာ အကြမ်းဖက်မှုဥပဒေပုဒ်မ ၅၀၅(က)နန့် ထောင်ဒဏ် ၂ နှစ်မှ ၃ နှစ်အထိ ချမှတ် ခံထားရကြောင်း CPJ ၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
Source – On 2-year anniversary of military coup, Myanmar’s Junta must stop presecuting journalists
Photo – CPJ
