
APM ၊ ဂျန်နဝါရီ ၁၈ / ၂၀၂၅
ဂျန်နဝါရီ ၁၇ ရက်နိ၊ မိုးထပိုင်းက စစ်တွေအခြီစိုက် အကြမ်းဖက် ဖက်ဆစ် စစ်ကောင်စီတပ်စခန်းတိကနီ ပုဏ္ဏားကျွန်းမြို့နယ်ကို လက်နက်ကြီးတိနန့် တရစပ် ပစ်ခတ်တိုက်ခိုက်ခရေလို့ ဒေသခံတိက ပြောပါရေ။
ဂျန်နဝါရီ ၁၇ ရက်နိ၊ မိုးထ ၉ နာရီ ၄၅ မိနစ်က စလို့ စစ်တွေဟိ အကြမ်းဖက် ဖက်ဆစ် စစ်ကောင်စီ၏ စအရ(BE)တပ်ကနီ ပုဏ္ဏားကျွန်းမြို့နယ်ကို အတွဲလိုက်ဒုံးတိအပါအဝင် လက်နက်ကြီးတိနန့် ဆက်တိုက် ပစ်ခတ်တိုက်ခိုက်ခရေလို့ ဒေသခံတယောက်က Arakan Princess Media ကို ပြောပါရေ။
ယင်းလက်နက်ကြီးကျည်တိထဲက ၂၅ လုံးစွာ ပုဏ္ဏားကျွန်းမြို့နယ်၊ ဘောင်ဒူလာရွာနားမာ ကျရောက်ပေါက်ကွဲခလို့ အနားမာဟိရေ နွား ၇ ကောင် ကျည်စကျပနာ သီဆုံးလားခပြီးကေ၊ ကျန် ၆ ကောင်ထက်မနည်းလည်း ထိခိုက်ဒဏ်ရာ ရလားရေလို့ ဆိုပါရေ။
ကုန်ခရေ ဂျန်နဝါရီ ၁၆ ရက်နိကလည်း စစ်တွေအခြီစိုက် အကြမ်းဖက် စစ်ကောင်စီတပ်စခန်းက ပစ်ခတ်လိုက်တေ လက်နက်ကြီးကျည်တိစွာ ပုဏ္ဏားကျွန်းမြို့နယ် စပါးထားရွာကို ကျရောက်ပေါက်ကွဲခလို့ နီအိမ် ၉ ဆောင် မီးလောင် ပျက်စီးခရပါသိမ့်ရေ။
Photo – Arakan Princess Media






