
APM ၊ ဒီဇမ်ဘာ ၁ /၂၀၂၃
လက်ဟိ ရက္ခိုင်ပြည်မာ စစ်ကောင်စီတပ်စွာ ရက္ခိုင်ပြည်သူလူထုကို အဓိက ပစ်မှတ်ထားပနာ ရည်ရွယ်ချက်ဟိဟိနန့် တသိတမင် ယမ်းကားပစ်ခတ်နီခြင်းဖြစ်ပြီးကေ စစ်ရာဇဝတ်မှုတိကို ပြောင်ပြောင်တင်းတင်း ကျူးလွန်နီရေလို့ ရက္ခိုင်လူ့အခွင့်အရေးလှုပ်ယှားသူရို့က ထောက်ပြ ပြောဆိုကတ်ပါရေ။
စစ်တွေမြို့က လူ့အခွင့်အရေးဆောင်ရွက်နီလူတယောက်က ” ဒေဂု တကျော့ပြန်တိုက်ပွဲတိကိုကြည့်ကေ စစ်ကောင် စီစွာ ရက္ခိုင့်တပ်တော်နန့် တနီရာရာမာ တိုက်ပွဲဖြစ်ရာဆိုကေ အများပြည်သူတိနီထိုင်ရေရပ်ရွာတိ၊ မြို့တိကို ရည် ရွယ်ချက်ဟိဟိ လက်နက်ကြီးတိနန့် တသိတမင် ပစ်တေ။ ပြည်သူတိကို လူသားဒိုင်းကာလုပ်တေ။ ပြန်ပီးဆွဲရေ။ ပြည်သူတိ အားလုံးသီအောင် ဗုံးခိုကျင်းမတူးရ။ တူးထားလူတိကို ဗုံးခိုကျင်း မြီပြန်ဖို့ခိုင်းရေ။ စစ်ကောင်စီလိုချင်စွာက သူရို့ပစ်လိုက်တေ လက်နက်ကြီးလာကေ မပုန်းကေ့၊မယှောင်ကေ့၊မဗြီးကေ့။အားလုံးအသီခံကတ်။ ယင်းသဘောဖြစ်နီရေ။ အေချင့်အားလုံးရေ စစ်ရာဇဝတ်မှုမြောက်တေမက လွန်တောင် လွန်လားခပါဗျာယ်” လို့ ပြောပါရေ။
မြောက်ဦးက လူ့အခွင့်အရေးလှုပ်ယှားလူတယောက်ကတော့ ‘ ရက္ခိုင်ပြည်မာ AA နန့် စစ်ကောင်စီရို့ နိုဗမ်ဘာ ၁၃ မာ တကျော့ပြန်တိုက်ပွဲ စဖြစ်တေ။ နောက်နိ နိုဗမ်ဘာ ၁၄ မာ စစ်ကောင်စီတပ်စခန်းချေတိ၊ ရဲစခန်းချေတိစွာ ဆုတ်ကတ်၊ ရုပ်သိမ်းကတ်တေ။ ယင်းပိုင်စခန်းကိုစွန့်ခွာ ဆုတ်ဗြီးလားခရေ စစ်ကောင်စီစ ခန်းတိ၊ ရက္ခိုင့်တပ်တော်က ထိုးစစ်ဆင်တိုက်ခိုက်သိမ်းပိုက်တေစခန်းတိက လက်နက် ကြီးတည်ထားရေနီရာမာ ကျန်ခရေပစ်မှတ်တိကို ကြည့် ကေ ရပ်ရွာတိ၊ မြို့တိတည်နီရာတိဂျေး တွိရပါရေ။ ဆိုလို စွာက ဒေသူရို့ စစ်ကောင်စီတိစွာ ရပ်ရွာတိကို ယမ်းသန်း ပစ်နီစွာ မဟုတ်။ တိုက်ပွဲမဖြစ်ခင်ကပင် တိုက်ပွဲဖြစ်လာကေ မြို့တိ၊ ရွာတိ၊ လူတိကိုပစ်ဖို့ တသိတမင် ရည်ရွယ် ချက်ဟိဟိ စနစ်တကျ ပလန်ချထားစွာပါရာ” လို့ ဆိုပါရေ။
တကျော့ပြန်တိုက်ပွဲကာလ စခန်းကိုစွန့်ခွာ ဆုတ်ဗြီးလားခရေ စစ်ကောင်စီစခန်းတိအထဲက တခုဖြစ်တေ မြောက်ဦးမြို့နယ်၊တိမ်ညိုရွာရဲစခန်းမာ ရဲသားတိအပါအဝင်စစ်ကောင်စီတပ်ဖွဲ့ဝင်အားလုံးစွာ အခြေအနီမဟန်လို့ နိုဗမ်ဘာ ၁၅ ရက်နိ မိုးမလင်းခင်ကပင် တိမ်ညိုစခန်းကို စွန့်ခွာထွက်ဗြီးလားခကတ်ပါရေ။
သူရို့ထွက်ခွာလားပြီးနောက် ယင်းစခန်းအတွင်းက လက်နက်ကြီးတည် ထားခရေနီရာဝန်းကျင်မာ ရွီးသားထားရေ ပစ်မှတ်တိစွာ တိမ်ညိုအပါအဝင် တခြားရပ်ရွာတိ၊အများပြည်သူနန့်ဆိုင်ရေနီရာတိဖြစ်နီကြောင်း ဒေသခံတိက ဆို ကတ်ပါရေ။
တကျော့ပြန် တိုက်ပွဲကာလ ရက္ခိုင့်တပ်တော်က ထိုးစစ်ဆင် တိုက်ခိုက်သိမ်းပိုက်ခရေ စစ်ကောင်စီတပ်စခန်း ၄ ခု ထက်မနည်းဟိပြီးကေ ရက္ခိုင့်တပ်တော်ကို ကြောက်ကြီး သံဖက်ကျပနာ စွန့်ခွာ ဆုတ်ဗြီးလားခရေ စစ်ကောင်စီ၏ စခန်းပေါင်း အနည်းဆုံး ၄၀ ဟိကြောင်း ညီနောင်မဟာ မိတ် (၃)ဖွဲ့က ထုတ်ပြန်ထားပါရေ။
ပုံစာ- တိမ်ညိုရွာ စစ်ကောင်စီစွန့်ခွာစခန်းက လက်နက် ကြီး တည်ထားခရေနီရာ ဝန်းကျင်မာ တွိရရေ စစ်ကောင်စီ၏ လက်နက်ကြီးပစ်မှတ်တချို့။



















