
APM ၊ ဒီဇမ်ဘာ ၁ / ၂၀၂၃
ဒေနိ(ဒီဇမ်ဘာ ၁ ရက်နိ) ညဇာက အမ်းမြို့နယ်မာ စစ်ကောင်စီတပ်က လက်နက်ကြီးနန့် ရည်ရွယ်ချက်ဟိဟိ ပစ်ခတ်မှုကြောင့် ဒေသခံအမျိုးသမီးတယောက် ထိခိုက် ဒဏ်ရာရလားကြောင်း သိရပါရေ။
ဒဏ်ရာရလားခရေ အမျိုးသမီးစွာ အမ်းမြို့နယ်၊ ဒါးလက် ရွာဟောင်း က ဒေါ်ဌေးဌေး(၄၀ နှစ်) ဖြစ်ပါရေ။
ဒေါ်ဌေးဌေးစွာ ဒေနိ ညဇာ ၄ နာရီလောက်က ဥယျာဉ်ခြံထဲမာဟိနီချိန် ကဇုကိုင်း၊ တောဟိန်းတောင်အခြီချ စစ်ကောင်စီတပ်က လက်နက်ကြီးနန့် ယမ်းကား ပစ်ခတ်ခရေလို့ ဒေသခံတိက ပြောပါရေ။
ယင်းလက်နက်ကြီးကျည်စွာ ဒေါ်ဌေးဌေး၏ ဥယျာဉ်ခြံအတွင်းကျရောက် ပေါက်ကွဲခပြီးကေ ဒေါ်ဌေးဌေး၏ ညာဖက် တင်သားနန့် ညာဖက် လက်မောင်းကို ကျည်စ ဝင်လားရေလို့ သိရပါရေ။
ရက္ခိုင်မာ ရက္ခိုင့်တပ်တော်AAနန့် စစ်ကောင်စီတပ်ရို့တိုက်ပွဲဖြစ်ပြီးနောက်ပိုင်း စစ်ကောင်စီတပ်က အရပ်သားပြည်သူတိနီထိုင်ရေ ရပ်ရွာ၊မြို့တိကို လက်နက်ကြီး၊ လက်နက်ချေတိနန့် ရည်ရွယ်ချက်ဟိဟိ နိစဉ်နိတိုင်း ယမ်းကား ပစ်ခတ်တိုက်ခိုက်လို့ဟိနီပါရေ။
