APM၊ ဒီဇမ်ဘာ ၁/၂၀၂၃
ဒေနိ(ဒီဇမ်ဘာ ၁ ရက်နိ) နိခင်း ၂ နာရီ ၁၅ မိနစ်ခန့်က စစ်ကောင်စီစွာ ပေါက်တောမြို့ကို MIG- 35 တိုက်ခိုက်ရီးရဟတ်ယာဉ်နန့် ဒုတိယအကြိမ် လာရောက် ပစ်ခတ်တိုက်ခိုက်နီကြောင်း သိရပါရေ။
စစ်ကောင်စီစွာ ဒေနိနိခင်း ၂ နာရီ ၁၅ မိနစ်မာ MIG- 35 တိုက်ခိုက်ရီးရဟတ်ယာဉ် နန့် ဒုတိယအကြိမ် လာရောက်ပစ်ခတ်နီရေပိုင် စစ်ကောင်စီရီတပ်စစ်သင်္ဘော (နေဗီ) ကလည်း လက်နက်ကြီးတိနန့် အဆက်မပြတ်ပစ်ခတ်နီရေလို့ ဒေသခံတိက ပြောပါရေ။
ဒေနိ မိုးထ ၁၁ နာရီ ၂ မိနစ်လောက်ကလည်း စစ်ကောင်စီစွာ ပေါက်တောမြို့သို့ ဂျက်ဖိုက်တာနန့် (၂)ကြိမ်တိုင်တိုင်၊ ဗုံး ၃ လုံးထက်မနည်း ကြဲချခရေပိုင် တိုက်ခိုက်ရီးရဟတ်ယာဉ်နန့်လည်း အဆက်မပြတ် ပစ်ခတ်နီခပါသိမ့်ရေ။
လက်ဟိ စစ်ကောင်စီ၏ ဗုံးကြဲတိုက်ခိုက်မှုကြောင့် ပေါက်တောမြို့ထဲမာ မီးလောင်ကျွမ်းနီကြောင်း စုံးစမ်းသိဟိရပါရေ။
စစ်ကောင်စီစွာ နိုဗမ်ဘာ ၁၆ ရက်နိက ပေါက်တောရဲစခန်းကို ရက္ခိုင့်တပ်တော် AA ဝင်ရောက်ထိန်းချုပ်ခပြီးနောက်ပိုင်း ပေါက်တောမြို့ကို ကြည်း၊ ရီ၊ လီ ပူးပေါင်းပြီးကေ သဲကြီးမဲကြီး တိုက်ခိုက်လို့ဟိနီပါရေ။
ယင်းနိကစလို့ စစ်ကောင်စီ၏ ဗုံးကြဲတိုက်ခိုက်မှုတိကြောင့် ပေါက်တောမြို့မဈီးကြီးအပါအဝင် လူနီအိမ် တချို့ မီးလောင်ပြာကျလားခရပါသိမ့်ရေ။
လက်ဟိအချိန်ထိလည်း မြို့အတွင်းမာ ပိတ်မိနီရေလူနန့် စစ်ကောင်စီက ဓါးစာခံအဖြစ် ဖမ်းဆီးထားရေ ပေါက်တောမြို့သူ၊ မြို့သားတချို့ ကျန်နီသိမ့်ရေပိုင် ရက္ခိုင့်တပ်တော် AA က အဆိုပါ မြို့သူ၊ မြို့သားတိကို ကယ်ထုတ်နိုင်ရီး ဆက်လက်ကြိုးပမ်းလျက်ဟိကြောင်း သိရပါရေ။