
APM၊ ဒီဇမ်ဘာ ၁/ ၂၀၂၃
စစ်ကောင်စီ၏ မူဆယ်မြို့နယ်က နမ့်ပေါ်တပ်စခန်းနန့် သီပေါမြို့နယ်က စဉ့်အင်တပ်စခန်းရို့ကို ဒေနိ (ဒီဇမ်ဘာ ၁ ရက်နိ)၊ မိုးထပိုင်းမာ တိုက်ခိုက်သိမ်းပိုက်လိုက်ကြောင်း တအာင်းတပ်မတော် (TNLA ) က ကြေညာပါရေ။
တအာင်းပြည်နယ်၊ တပ်မဟာ(၁)စစ်ဒေသ၊ မူဆယ်မြို့နယ်ဟိ စစ်ကောင်စီ နမ့်ပေါ်တပ်စခန်းကို TNLA က ၁၀၂၇ စစ်ဆင်ရီးအတွင်း နိုဗမ်ဘာ ၂၇ ရက်နိက စတင်တိုက်ခိုက်ခပြီး ဒေနိ(ဒီဇမ်ဘာ ၁ရက်)နိ၊ မိုးထ ၅ နာရီမာ အပြီးသတ်သိမ်းပိုက်ခရေလို့ ဆိုပါရေ။
အဆိုပါစခန်းသိမ်းတိုက်ပွဲအတွင်း စစ်ကောင်စီ၏ 60 MM လက်နက်ကြီးအပါအဝင်၊ လက်နက်မျိုးစုံ (၃၂)လက်၊ ကျည်ပေါင်း များစွာ၊ စစ်သုံ့ပန်း ၂ ယောက်နန့် စစ်အသုံးအဆောင်ပစ္စည်းတိကို ယှင်းလင်းသိမ်းရမိခရေလို့ သိရပါရေ။
နမ့်ပေါ်စခန်းကို တိုက်ခိုက်နီစဉ်အတွင်း စစ်ကောင်စီတပ်က လက်နက်ကြီးပစ်ခတ်တိုက်ခိုက်မှုများစွာနန့် လီကြောင်း တိုက်ခိုက် မှုအဖြစ် Jet Fighter နန့် (၂၁)ကြိမ်၊ Y8/Y12 လီယာဉ် နန့် (၅)ကြိမ်၊ Mi35/Mi17 နန့် (၃)ကြိမ်ထက် မနည်း အသုံးပြုတိုက်ခိုက်ခရေလို့ ဆိုပါရေ။
အလားတူ တပ်မဟာ(၂)စစ်ဒေသ၊ သီပေါမြို့နယ်ဟိ စစ်ကောင်စီ စဥ့်အင်ရဲစခန်းကို ဒေနိ မိုးထ ၆ နာရီခွဲလောက်မာ ဝင်ရောက် ယှင်းလင်းသိမ်းပိုက်နိုင်ခရေလို့ TNLA က ဆိုပါရေ။
အဆိုပါစခန်းသိမ်းတိုက်ပွဲမာလည်း စစ်ကောင်စီ၏ လက်နက် (၈)လက်၊ ပစ္စတို (၃)လက်၊ ကျည်အမြောက်အများနန့် စစ်ကောင်စီ ရဲတပ်ဖွဲ့ဝင် ၂ ယောက်အပါအဝင် စစ်အသုံးအဆောင်ပစ္စည်းတိ ယှင်းလင်းသိမ်းဆည်းရမိခကြောင်း သိဟိရပါရေ။
Photo – TNLA



