
APM၊ နိုဗမ်ဘာ ၁/ ၂၀၂၃
ညီနောင်မဟာမိတ်(၃)ဖွဲ၏ ၁၀၂၇ စစ်ဆင်ရီးကို ကြိုဆိုထောက်ခံရေ အဖွဲ့အစည်း ၈ ခု ထပ်လို့ဟိလာကြောင်း ၎င်းရို့၏ သဘော ထားထုတ်ပြန်ချက်တိကို ဒေနိ(နိုဗမ်ဘာ ၁ ရက်နိ)မာ ညီနောင်မဟာမိတ်(၃)ဖွဲ့က ဖော်ပြပါရေ။
၁၀၂၇ စစ်ဆင်ရီးကို ကြိုဆိုထောက်ခံကြောင်း ကြေညာချက်ထုတ်ပြန်ခရေ အဖွဲ့အစည်းတိမာ-
(၁) ရက္ခိုင်ပြည်ကျောင်းသားသမဂ္ဂ၊ ဧရာဝတီလူငယ်များသမဂ္ဂ၊ ပြည်သူ့ဝန်ထမ်းများသမဂ္ဂ
(၂) ချင်းအမျိုးသားတပ်ဦး (CNF)
(၃) ပခုက္ကူလူထုတိုက်ပွဲကော်မတီ၊ မကွေးလူထုတိုက်ပွဲကော်မတီ၊ မြိုင်မြိုနယ်၊ အခြေခံပညာအထွေထွေ သပိတ်ကော်မတီ၊ ယောလူထုတိုက်ပွဲကော်မတီ၊ ရေစကြိုမြိုနယ် လူထုသပိတ်တိုက်ပွဲဦးဆောင်ကော်မတီ
(၄) လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ (ဌာနချုပ်)
(၅) ယောကာကွယ်ရီးတပ် Yaw Defense Force (YDF)
(၆) ပြည်သူ့စစ်မဟာဗျူဟာအကြံပီးဗျူရို (PMSAB) နန့် မိုးကြိုးပြောက်ကျားတပ်ဖွဲ့
(၇) G-Z Special Task Force Wet Let
(၈) ပြည်သူ့လွတ်လပ်ရီးအဖွဲ့/ပြည်သူ့လွတ်လပ်ရီးတပ်တော်( PIA) ရို့ဖြစ်ကတ်ပါရေ။
အဆိုပါအဖွဲ့အစည်းတိအပြင် အမျိုးသားညီညွတ်ရီးအစိုးရ (NUG)၊ အမျိုးသား ညီညွတ်ရီး အတိုင်ပင်ခံကောင်စီ (NUCC)၊ ကရင်နီအမျိုးသားတိုးတက်ရီးပါတီ (KNPP)၊မန္တလေးခရိုင် အမှတ်(၃)၊ အမှတ်(၄)၊ အမှတ်(၅)၊ အမှတ်(၆) တပ်ရင်း၊ ကရင်နီပြည်လူမျိုးပေါင်းစုံပြည်သူ့ လွတ်မြောက်ရီးတပ်ဦး (ကလလတ)၊ ဗမာပြည်သူ့ လွတ် မြောက်ရီးတပ်တော် (BPLA)၊ အာဏာသျှင်စနစ်ဆန့်ကျင်ရီးပြည်သူ့အင်အားများချိတ်ဆက်ညှိနှိုင်းရီး ကော်မတီ(မန္တလေး)၊ အထွေထွေသပိတ်ပေါင်းစပ်ညှိနှိုင်းရီးအင်အားစု (GSCB)၊ ဗမာလွတ်မြောက်ရီးဒီမိုကရက်တစ်တပ်ဦး (BLDF)၊ ပြည်သူ့ ကာကွယ်ရီး တပ်မတော်(မန္တလေး)၊Medical Family Mandalay နန့် မိုးကုတ် ဗျူဟာစရေ အဖွဲ့အစည်းအသီးသီးကလည်း ၁၀၂၇ စစ်ဆင်ရီးကို ကြိုဆိုထောက်ခံကြောင်း ကြေညာချက်ထုတ်ပြန်ထားပါသိမ့်ရေ။
ယင်းပိုင် ၁၀၂၇ စစ်ဆင်ရီးကို ကြိုဆိုထောက်ခံကတ်တေ မြန်မာပြည်သူလူထု တရပ်လုံးအပါအဝင် အဖွဲ့အစည်း အသီးသီး၊ လူပုဂ္ဂိုလ်တယောက်ချင်းစီကို များစွာကျေးဇူးတင်ကြောင်း ညီနောင်မဟာမိတ်(၃)ဖွဲ့က ထုတ်ပြန်ထားပါရေ။









