APM၊ နိုဗမ်ဘာ ၁/ ၂၀၂၃
၁၀၂၇ စစ်ဆင်ရီး (၄) ရက်မြောက်နန့် (၅)ရက်မြောက်နိဖြစ်တေ အောက်တိုဘာ ၃၀ နန့် ၃၁ ရက်နိတိမာ ညီနောင်မဟာမိတ်(၃)ဖွဲ့ရေ စစ်ကောင်စီတပ်ကို အပြင်းအထန် ဆက်လက်ထိုးစစ်ဆင်တိုက်ခိုက်ခရာ ထပ်မံသိမ်းပိုက်နိုင်ခရေ စစ်ကောင်စီတပ်စခန်းတိကို ဒေနိ (နိုဗမ်ဘာ ၁ရက်)နိ၊ နိခင်း ၂ နာရီ ၁၀ မိနစ်မာ ထုတ်ပြန်လိုက်ပါရေ။
၁၀၂၇ စစ်ဆင်ရီး (၅) ရက်မြောက်နိ တိုက်ပွဲသတင်း နောက်ဆက်တွဲထုတ်ပြန်ချက်မာ တအာင်းတပ်မတော်(TNLA) စစ်ဒေသနန့် ကိုးကန့် တပ်မတော် (MNDAA) စစ်ဒေသရို့အတွင်း သိမ်းပိုက်နိုင်ခရေ စစ်ကောင်စီတပ်စခန်းတိကို နှစ်ပိုင်းခွဲပနာ ဖော်ပြပါရေ။
ပထမတပိုင်းမာ ညီနောင်မဟာမိတ် (၃) ဖွဲ့ထဲက တအာင်းတပ်မတော် (TNLA) ၏ စစ်ဒေသတိအတွင်း စစ်ကောင်စီတပ်စခန်း(၅)ခုကို အောက်တိုဘာ ၃၁ ရက်နိမာ အပြီးသတ်သိမ်းနိုင်ခစွာဖြစ်ပါရေ။
ယင်းအထဲက နမ့်ခမ်းမြိုနယ်ဟိ စစ်ကောင်စီ၏ ကံ့ကော်တောင်တပ်စခန်း ကို နိခင်း ၂ နာရီခွဲမာ သိမ်းနိုင်ခပြီးကေ မူဆယ်မြို့နယ် (၁၀၅) မိုင်ဟိ စစ်ကောင်စီနန့် ပူးပေါင်း ပ.သ.စ တပ်စခန်း (၄၅၆၁) ကို မွန်းလွဲ ၃ နာရီကျော်မာ သိမ်းနိုင်ခစွာဖြစ်ပါရေ။
အလားတူ နမ့်ခမ်းမြို့နယ်၊ စစ်ကောင်စီ၏ ဟတ်ယိုင် (ဟဲယိုင်) တပ်စခန်းကို နိခင်း ၂ နာရီအချိန်မာလည်းကောင်း၊ လားရှိုးနန့် သိန္နီမြို့ကြား စစ်ကောင်စီ၏ မိုင်းပါးတပ်စခန်း ကို မိုးထ ၄ နာရီမာလည်းကောင်း၊ ကွတ်ခိုင်မြိုနယ်ဟိ ရှုခင်းသာစစ်ကောင်စီ တပ်စခန်းကိုလည်းကောင်း အပြီးသတ်ချေမှုန်းတိုက်ခိုက်နိုင်ခစွာလို့ သိရပါရေ။
တိုက်ပွဲအတွင်း စစ်ကောင်စီဖက်က စစ်သုံ့ပန်း ၄ ယောက်ကို တအာင်းပြည်နယ်၊ တပ်မဟာ(၁)စစ်ဒေသမာ လက်နက်အပြည့်အစုံနန့် ဖမ်းဆီးရမိခပြီးကေ ကောင်းမွန်စွာ ထိန်းသိမ်းထားရေလို့ ဖော်ပြထားပါရေ။
ယင်းအပြင် တအာင်းတပ်မတော် (TNLA) နန့် ပူးပေါင်းအဖွဲ့တိရေ လားသျှိုးမြိုနယ်ဟိ စစ်ကောင်စီ၏ မိုင်းကျက်တပ်စခန်းကို အောက်တိုဘာ ၃၁ ရက်နိက ဆက်လက်ထိုးစစ်ဆင်တိုက်ခိုက်ခပြီးကေ စစ်ကောင်စီဖက်က စစ်ကူအဖြစ် ဂျက်ဖိုက်တာနန့် (၈) ကြိမ်၊ Mi-35 တိုက်ခိုက်ရီး ရဟတ်ယာဉ်နန့် (၄) ကြိမ် လီကြောင်းတိုက်ခိုက်မှု လုပ်ခရေလို့ ဆိုပါရေ။
တရက်တည်းမာ ကျောက်မဲမြို့နယ်အတွင်း စစ်ကောင်စီရေ ကျောက်မဲက ၁၂၀/၁၀၅ ဟောင်ဝစ်ဇာအမြောက်ကြီးတိနန့် ပန်စံ ကျေးရွာဖက်သို့ ရမ်းသန်းပစ်ခတ်ခရေလို့ သိရပါရေ။
ထုတ်ပြန်ချက် ဒုတိယအပိုင်းအနီနန့် ကိုးကန့်တပ်မတော် (MNDAA) နန့် ရက္ခိုင့်တပ်တော် (AA) ရို့ရေ အောက်တိုဘာ ၃၀ ရက်နိ က ၃၁ ရက်နိအထိ ၂ ရက်အတွင်း စစ်ကောင်စီ တပ်စခန်း (၄) ခုကို အပြီးသတ်ချေမှုန်းသိမ်းပိုက်ရယူခရေလို့ ဆိုပါရေ။
အောက်တိုဘာလ ၃၀ ရက်နိ၊ ညဇာ ၅ နာရီ ၂၀ လောက်မာ မူပန် (သိန္နီ) ဒေသ၊ ဟိုပန် ကျေးရွာ၊ မိုင်းတင်ရာ ဘာတောင်ကုန်း၌ အခြီစိုက်ထားရေ စစ်ကောင်စီတပ်စခန်း (၁) ခု ကို ကိုးကန့်တပ်မတော် (MNDAA) က သိမ်းယူခစွာဖြစ်ပါရေ။
အလားတူ ရက္ခိုင့်တပ်တော် (AA) ကလည်း နာတီရွာတဝိုက်မာ အခြီချနီရေ စစ်ကောင်စီလက်အောက်ခံ ပြည်သူ့စစ်အဖွဲ့၏ တပ်စခန်း ကို အပြီးသတ် သိမ်းပိုက်ရယူခရေလို့ ဆိုပါရေ။
ယင်းအပြင် ကိုးကန့်ခရိုင်၊ တုန်းသျှမ်းဒေသဟိ စစ်ကောင်စီ၏ စစ်ရီးအရအရေးပါရေ ဟိုကျီတုံတပ်စခန်း (၂) ခုကို အောက်တိုဘာ ၃၀ ရက်နိ၊ ၈ နာရီ ၂၀ မိနစ်လောက်မာ အပြီးသတ်သိမ်းနိုင်ခစွာဖြစ်ပြီးကေ ယှင်းလင်းရီးလုပ်ငန်းတိကို ဆောင်ရွက်နီရေလို့ သိဟိရပါရေ။