
APM၊ နိုဗမ်ဘာ ၁/ ၂၀၂၃
အောက်တိုဘာ ၃၁ ရက်နိ ၊ မိုးထပိုင်းက မြစ်ကြီးနား-ဗန်းမော် ကားလမ်းနားဟိ ကန်တော်ယန် စစ်ကောင်စီစခန်းကို ရက္ခိုင့်တပ်တော်(AA) နန့် ကချင်လွတ်မြောက်ရီးတပ်မတော် (KIA) ပူးပေါင်း စစ်ကြောင်းက တိုက်ခိုက်သိမ်းပိုက်ခစွာမာ စစ်ကောင်စီတပ်က အရာဟိနန့် တပ်ဖွဲ့ဝင်တိ သီဆုံးခရကြောင်း စစ်ကောင်စီက ဝန်ခံထုတ်ပြန်လိုက်ပါရေ။
စစ်ကောင်စီက “အဆိုပါ ကန်တော်ယန်တပ်စခန်းကို KIA နန့် ပူးပေါင်းအင်အားစုတိက အင်အားအလုံးအရင်းနန့် အလစ်အငိုက် ဝင်တိုက်ခစွာကြောင့် ယင်းပိုင် အရာဟိနန့် တပ်ဖွဲ့ဝင်တချို့ သီဆုံး၊ ထိခိုက်ဒဏ်ရာရဟိခရေ”လို့ ဆိုပါရေ။
KIA ဗဟိုဌာနချုပ်တည်ဟိရာ ကချင်ပြည်၊ လိုင်ဇာမြို့က ၂၅ ကီလိုမီတာလောက် ကွာဝီးရေ အဆိုပါ ကန်တော်ယန်စစ်ကောင်စီ စခန်းကို AA နန့် KIA ပူးပေါင်းစစ်ကြောင်းက အောက်တိုဘာ ၃၁ ရက်နိ မိုးထ ၆နာရီကစလို့ ထိုးစစ်ဆင် တိုက်ခိုက်ခစွာပါ။
၂ နာရီခွဲလောက်အကြာမာ ယင်းစခန်းကို အပြီးသတ်သိမ်းပိုက်နိုင်ခပြီးကေ စစ်ကောင်စီတပ်၏ လက်နက် ခဲယမ်း၊ စစ်အသုံးအဆောင်ပစ္စည်းတိနန့် ရန်သူ့အလောင်းတချို့ကို သိမ်းဆည်းရမိခကြောင်း၊ အဆိုပါစခန်းကို ဦးဆောင်နီရေ စစ်ကောင်စီတပ်၏ ခမရ (၃၈၇) တပ်ရင်းမှူးလည်း တိုက်ပွဲအတွင်း သီဆုံးလားကြောင်း ညီနောင်မဟာမိတ်(၃)ဖွဲ့က ထုတ်ပြန်ထားပါရေ။
အောက်တိုဘာ ၃၁ တရက်တည်းမာပင် ရက္ခိုင့်တပ်တော် (AA)နန့် ကချင်လွတ်မြောက်ရီးတပ်မတော်(KIA) ပူးပေါင်း တပ်ဖွဲ့ရိုစွာ ကန်တော်ယန် စစ်ကောင်စီစခန်းအပြင် နမ္မတူမြို့နယ်၊ မုံးမော်၊ နမ့်ဟိုင်းဟိ စစ်ကောင်စီလက်အောက်ခံ ခလရ (၃၂၄) ကိုလည်း အပြီးသတ် သိမ်းပိုက်နိုင်ခကြောင်း သိဟိရပါရေ။
Photo – Myitkyina News Journal
