
APM ၊အောက်တိုဘာ ၁ / ၂၀၂၃
အာရက္ခပြည်သူ့အစိုးရ၏တရားဥပဒေရီးရာဌာန၊ တရားရုံးနန့် ဥပဒေရုံးအသီးသီးမာတာဝန်ထမ်းဆောင်ဖို့ ဥပဒေရီး ရာလိကျင့်ရီးသင်တန်းသား/သူတိကို ဒေနိ (အောက်တိုဘာ ၁ ရက်နိ)ကစလို့ခေါ်ယူနီကြောင်း တရားရီးဌာနက ထုတ်ပြန်ကြေညာပါရေ။
ယင်းသင်တန်းသားခေါ်ယူမှုကို အောက်တိုဘာ ၁ ရက်က ၁၅ ရက်အထိ ခေါ်ယူလားဖို့ဖြစ်ပြီးကေ လျှောက်လွှာတိကို အာရက္ခပြည်သူ့အစိုးရ၏ ဥပဒေရုံး၊ တရား ရုံး၊ နီးစပ်ရာ စစ်ဒေသကွပ်ကဲရီးရုံး၊ နိုင်ငံရီးဌာန၊ အုပ်ချုပ်ရီးဌာနရို့မာ မိန်းမြန်းထုတ်ယူနိုင်ရေလို့ ဆိုပါရေ။
လျှောက်ထားရေလူစွာ အာရက္ခနိုင်ငံတော်နန့်အာရက္ခပြည်သူ့အစိုးရကို သစ္စာခံသူဖြစ်ရဖို့ ဖြစ်ပြီးကေ အာရက္ခပြည်သူ့အစိုးရ၏ ဌာနတခုခုမာ လက်ဟိ တာဝန်ထမ်းဆောင်နီလူဖြစ်ပါက အနိမ့်ဆုံးအဆင့် ပညာအရည်အချင်း တက္ကသိုလ်ဝင်တန်း အောင်မြင်ထားလူဖြစ်ရဖို့၊ပြင်ပက လျှောက်ထားလူ ဆိုပါက တက္ကသိုလ် တခုခုက ဘွဲ့တခုခုရ ဟိထားလူဖြစ်ရဖို့ပါ။
ယင်းအပြင် လျှောက်ထားရေလူစွာ နီရာမရွီးဒေသမရွီး လားရောက်တာဝန် ထမ်းဆောင်နိုင်ရဖို့၊ ကိုယ်လက် အင်္ဂါကျန်းမာသန်စွမ်းရဖို့၊ အောက်တိုဘာ ၁၅ ရက်နိ အထိ အသက် ၂၀ အောက်မငယ်သူ၊ အသက် ၃၂ နှစ်ထက်မကြီးရေလူ ဖြစ်ရဖို့လို့လည်း တရားရီးဌာန၏ ကြေညာချက်မာ ဖော်ပြထားပါရေ။
အလားတူ အကျင့်စာရိတ္တကောင်းမွန်ပြီး ရက္ခိုင်အမျိုးသားရီးစိတ်အားထက်သန်ပနာ အာရက္ခပြည်သူ့အစိုးရ၊ ဥပဒေရီးရာ လိကျင့်ရီးကျောင်းမာ ၇ လ သင်တန်းကို ပြီးမြောက်အောင် တက်ရဖို့လို့လည်း ဆိုပါရေ။
လျှောက်ထားရေလူတိအနီနန့် တက္ကသိုလ်ဝင်တန်းစာ မိန်းပွဲအောင်လက်မှတ် မိတ္တူ၊ဘွဲ့လက်မှတ်၊ အကျင့်စာရိတ္တ ကောင်းမွန်ကြောင်းထောက်ခံချက်၊ အာရက္ခပြည်သူ့အစိုးရ ဌာနတခုခု၏ ထောက်ခံချက်မူရင်း၊ မိတ္တူ (ပြင်ပမှလျှောက်ထားသူများသာ)၊အာရက္ခပြည်သူ့ အစိုးရ၊ တရားဥပဒေရီးရာဌာနမှအပ အခြားဌာနတိက ဝန်ထမ်းဖြစ်ပါက ဌာနအကြီးအကဲ၏ ထောက်ခံချက် မူရင်းရို့ကိုပါ ပူးတွဲတင်ပြရဖို့လို့ တရားရီးဌာနက ပြောပါရေ။
လျှောက်ထားရေလူစွာ ဝင်ခွင့်အရည်အချင်း စစ်ဆီးမှု ကို ခံယူရဖို့ဖြစ်ပြီးကေ ဝင်ခွင့်အရည်အချင်းစစ်ဆီးဖို့ နိရက်၊နီရာနန့် အချိန်ရို့ကိုအချိန်မီ ချိတ်ဆက်ပီးပို့ လား ဖို့ဖြစ်ပါရေ။
သင်တန်းသား/သူအဖြစ် ရွီးချယ်ခံရပါက သင်တန်းပြီး မြောက်ရေခါ အာရက္ခပြည်သူ့အစိုးရ၊ တရားဥပဒေ ရီးရာဌာနမာ အနည်းဆုံး ၅ နှစ် တာဝန်ထမ်းဆောင်ရဖို့လို့လည်း ကြေညာချက်မာ ဖော်ပြထားပါရေ။

