
APM ၊ အောက်တိုဘာ ၁ / ၂၀၂၃
၂၀၂၃ ခုနှစ်၊ ဩဂတ်စ်လကစစ်တွေမြို့၊ မေယုလမ်းဟိ Luminous လူသုံးကုန်ပစ္စည်းအရောင်းဆိုင်အတွင်း သတ်ဖြတ်ခံခရရေ မနွယ်သန္တာဝင်းအမှုနန့် ပတ်သက် လို့ ရက္ခိုင်အမျိုးသားအဖွဲ့ချုပ် ULA တရားရုံးက သီ ဒဏ်ချမှတ်ထားရေတရားခံမျိုးမြင့်ဇော်က ULAဥက္ကဋ္ဌ ထံ အသနားခံစာ တင်ထားကြောင်း သိရပါရေ။
မနွယ်သန္တာဝင်းသတ်ဖြတ်ခံရမှုမာ Luminous ဆိုင်၏ မန်နေဂျာဖြစ်သူ မျိုးမြင့်ဇော်ကို ULA ဒေသ တရားရုံက၂၀၂၃ ခုနှစ်၊ ဖေဖော်ဝါရီ ၃ ရက်နိက ရာဇသတ်ကြီးပုဒ်မ ၃၀၂(၁) (ဂ)အရမသီမချင်း ကြိုးကွင်းစွပ် သတ်ဖို့ သီဒဏ်အမိန့်ချမှတ်ထားစွာ ဖြစ်ပါရေ။
သီဒဏ်ချမှတ်ခံခရရေ မျိုးမြင့်ဇော်စွာ ဥပဒေအရ တရားရုံးအဆင့်ဆင့်အယူခံခကေလေ့ သူ့ကို ချမှတ်ထားရေ သီဒဏ်ကမပြောင်းလဲဘဲဆက်ဟိနီရေအတွက် သီဒဏ်က သက်ညှာလျော့ပေါ့ပီးဖို့ အာရက္ခနိုင်ငံတော် အကြီးအကဲ၊ ULA ဥက္ကဋ္ဌထံသို့ ၂၀၂၃ ခုနှစ်၊ စပ်တမ်ဘာ ၁၈ ရက်နိမာ အသနားခံစာပီးပို့ခပါရေ။
မနွယ်သန္တာဝင်းရေ ၂၀၂၂ ခုနှစ်၊ ဩဂတ်စ် ၁၅ ရက်နိ ညဇာ ၄ နာရီက သူအလုပ်လုပ်နီရေ Luminous ဆိုင်အတွင်း ထိုးသွင်းဒဏ်ရာတိနန့် သီဆုံးနီခစွာ ဖြစ် ပါရေ။
ယင်းဖြစ်စဉ်နန့် ပတ်သက်လို့ မနွယ်သန္တာဝင်း၏ ဖခင် ဖြစ်သူ ဦးဆန်းဝင်းက ၂၀၂၂ ခုနှစ်၊ ဩဂတ်စ် ၁၈ ရက် နိ ရက္ခိုင်ပြည်သူ့အာဏာပိုင်အဖွဲ့ထံ လူသတ်မှုပုဒ်မ ၃၀၂ နန့်အမှုဖွင့်တိုင်းတန်းခပါရေ။
ယင်းနောက် ရက္ခိုင်ပြည်သူ့အာဏာပိုင်အဖွဲ့ကလည်း မနွယ်သန္တာဝင်းအလုပ်လုပ်နီရေ Luminous ဆိုင်က မန်နေဂျာ မျိုးမြင့်ဇော်အပါအဝင် သံသယဟိသူ ၃ ယောက်ကို ဥပဒေလုပ်ထုံးလုပ်နည်းတိနန့်အညီ ဖမ်းဆီး စစ်ဆီးရာ မျိုးမြင့်ဇော်၏ထွက်ချက်အရ ၎င်း အနီနန့် မနွယ်သန္တာ ဝင်းကို သတ်ဖြတ်ခကြောင်း စစ်ဆီးတွိဟိခပါရေ။
ယင်းကြောင့် မျိုးမြင့်ဇော်ကို ၂၀၂၂ ခုနှစ်၊ စပ်တမ် ဘာ ၂၂ ရက်နိ၊ ရာဇသတ်ကြီးဥပဒေပုဒ်မ ၃၀၂ (၁) (ဂ)နန့် ULAဒေသတရားရုံးမာ တရားစွဲတင်ခပါရေ။
ယင်းသို့ တရားစွဲတင်ပြီးနောက် တရားလိုအပါအဝင် လိုပြသက်သီ ၁၃ ယောက်နန့် တရားခံအပါအဝင် ခံပြသက်သီ ၄ ယောက်၊ နှစ်ဖက်ရှိနီရို့နန့်တတူ အမှုစစ်ဆီးခါ တရားခံမျိုးမြင့်ဇော်စွာ အမှန်အကန်ပြစ်မှု ကျူးလွန်ခကြောင်း ပေါ်ပေါက်တေအတွက် ၂၀၂၂ ခုနှစ်၊ အောက်တိုဘာ ၃၁ ရက်နိမာ တရားခံကို စွဲချက်တင်ခပါရေ။
ယင်းနောက် နှစ်ဖက် လျှောက်လဲချက်များကြားနာပြီးနောက် တရားခံမျိုးမြင့်ဇော်ရေ မနွယ်သန္တာဝင်းကို သတ်ဖြတ်ကြောင်းထင်ရှားရေအတွက် ရာဇသတ်ကြီး ပုဒ်မ ၃၀၂(၁) (ဂ)အရ တရားခံကို မသီမချင်း ကြိုးကွင်းစွပ်သတ်ဖို့ ၂၀၂၃ ခုနှစ် ဖေဖော်ဝါရီ ၃ ရက်နိမာ သီဒဏ်အမိန့်ချမှတ်ခပါရေ။
မနွယ်သန္တာဝင်းအမှုနန့်ပတ်သက်လို့ လူမှုကွန်ရက်ထက် ဝေဖန်ပြောဆိုမှုတိနန့် ပတ်သက်လို့တရားရီး ဌာန တာဝန်ဟိလူတယောက်ကို APMက မိန်းမြန်းရေခါ ၎င်းက မှုခင်းဆရာဝန်ကြီး ()၏၂၀၂၂ ခုနှစ်၊ ဩဂတ်စ် ၁၉ ရက်နိ ရက်စွဲပါ ဆီးစာအရ သီဆုံးသူ မနွယ်သန္တာဝင်း၏မိန်းမကိုယ်အတွင်း လက်တလော ထိုးသွင်းထား ရေအရာ မတွိရလို့ဖော်ပြထားရေပိုင်၊ ဓါတုဗေဒဝန်၏ ဓါတုဗေဒစစ်ဆီးချက်အရသီဆုံးသူမနွယ်သန္တာဝင်း ၏ မိန်းမကိုယ်အတွင်းသုတ်ပိုး မတွိရဆိုရေ အချက်လည်းပါဟိကြောင်း မှတ်ချက်ပီးပါရေ။
သီဒဏ်ချမှတ်ခံထားရသူ မျိုးမြင့်ဇော်၏ အသနားခံစာကို အာရက္ခနိုင်ငံတော်အကြီးအကဲ ရက္ခိုင်အမျိုးသားအဖွဲ့ချုပ် ULA ဥက္ကဋ္ဌကြီးအနီနန့် ဇာနိ၊ ဇာရက်မာ ဇာပိုင် ဆုံးဖြတ်ဖို့ဆိုစွာကိုတော့ မသိရသိမ့်ပါ။
