APM ၊ အောက်တိုဘာ ၁/၂၀၂၂
စပ်တမ်ဘာ ၂၉ ၊ ၃၀ ရက်နိများမှာလေ့ တောင်ကုတ်မှ အပြစ်မဲ့အရပ်သားပြည်သူ နောက်ထပ် ၄ ယောက်ကို စစ်ကောင်စီတပ် ထပ် ဖမ်းလားခကြောင်း သတင်းရဟိသည်။
စပ်တမ်ဘာ ၂၉ ရက်နိက တောင်ကုတ်မှ အဖမ်းခံရသူ ၂ ယောက်မှာ တောင်ကုတ်မြို့နယ်၊ မိုးထိတိုက်နယ်၊ မှန်နီကျေးရွာမှ ဦးဇော်ဌေး(၃၀နှစ်) နန့် ဦးထွန်းမင်းဦး (ခ) စိုးအောင် (၂၉နှစ်) ရို့ဖြစ်ကတ်ပြီး၊ စပ်တမ်ဘာ ၂၉ ရက်နိ ညဇာ ၅နာရီခွဲ ခန့်တွင် တောင်ကုတ်မြို့မတိုက်နယ်ဟိ စစ်ကောင်စီတပ်၏ ဘုရားကိုးဆူ စစ်ဆီးရီးဂိတ်၌ စစ်ကောင်စီတပ်ဖွဲ့ဝင်များက သူရို့၂ ယောက်ကို ဖမ်းဆီးခေါ်ဆောင်လားခခြင်းဖြစ်သည်။
စပ်တမ်ဘာ ၃၀ ရက်နိက တောင်ကုတ်မှ အဖမ်းခံရသူ ၂ ယောက်မှာ တောင်ကုတ်မြို့၊ ဂူတာရပ်ကွက်မှ ဦးအောင်မြသိန်း(၃၀နှစ်) နန့် ဦးအောင်ချေေ(၃၃ နှစ်)ရို့ဖြစ်ကတ်ပြီး သူရို့နှစ်ယောက်ကို စပ်တမ်ဘာ ၃၀ ရက်နိ နိခင်း ၁ နာရီခန့်တွင် တောင်ကုတ်အခြီစိုက် စစ်ကောင်စီတပ် ခမရ (၅၄၄) တပ် ရင်းမှ တပ်ဖွဲ့ဝင်များနန့် ရဲတပ်ဖွဲ့ဝင်ပူးပေါင်း အင်အား(၃၀) ယောက်ခန့်က နီအိမ်အတွင်းသို့ ဝင်ရောက် ဖမ်းဆီးခေါ်ဆောင်လား ခြင်းဖြစ် သည်။
ကုန်ခသည့် စပ်တမ်ဘာ ၂၃ ရက်နိကလေ့ တောင်ကုတ်မြို့နယ်၊ ညောင်ဖောက်ရွာမှ ဦးအေးကျော်ကျော်နန့် သက်ကေပြင်ရွာမှ ဦးကျော်ကျော်နိုင်ရို့ကို စစ်ကောင်စီတပ်ဖွဲ့ဝင်များက နီအိမ်အတွင်းသို့ ဝင်ရောက် ဖမ်းဆီးခေါ်ဆောင်လားခသိမ့်သည်။
ယင်းအပြင် စပ်တမ်ဘာ ၂၁ ရက်နိက ချောင်းကောက်ရပ်ကွပ်မှ ကိုမျိုးမြင့်၊ စပ်တမ်ဘာ ၁၉ ရက်နိ၌ ကိုင်းရှည်ရပ်ကွက်မှ ကိုင်းရှည်လူမှုကူညီရီးအသင်း၏ ဥက္ကဋ္ဌနန့် ဒုဥက္ကဋ္ဌဖြစ်သူ ဦးမြင့်လှိုင်နန့် ဦးဇော်မျိုးထွန်း ရို့ကိုလေ့ အသီးသီး ထပ်မံဖမ်းဆီး ခသည်။
စပ်တမ်ဘာ ၁၈ ရက်နိကလေ့ ချောင်းကောက်ရပ်ကွက်မှ ဦးထွန်းချစ်၊ ဂူတာရပ်ကွက်မှ ကိုဦး နန့် ကိုစိုးဝင်းချေ၊ ကင်းတောင်ရွာမှ ကိုမိုးဟိန်းအောင် ရို့ကို စစ်ကောင်စီတပ်မှ မတရားဖမ်းဆီးရိုက်နှက်ခေါ်ဆောင်လားခသည့်အပြင်၊စပ်တမ်ဘာ ၁၇ ရက်နိကလေ့ တောင်ကုတ်အခြီစိုက် စစ်ကောင်စီတပ် ခမရ (၅၄၄) တပ် ရင်းမှ တပ်ဖွဲ့ဝင်များသည် တောင်ကုတ်မြို့၊ ဝက်ကျိတ်အုပ်စု၊ မှော်ဟင်း တော ရပ်ကွက်မှ ဦးကျော်သောင်း၊ ကိုင်းရှည်ရပ်ကွက်မှ ဦးအောင်မင်းနိုင် (ရသေ့တောင်မြို့နယ်၊ ဒုံးပိုက်ရွာမှ တောင်ကုတ်သို့ အလည်ရောက်နီသူ)ရို့ကို ဖမ်းယူလားခသိမ့်သည်။
ယင်းနည်းတူ စပ်တမ်ဘာ ၆ ရက်နိကလေ့ တောင်ကုတ်မြို့၊ ချောင်းကောက်ရပ်ကွက်မှ သွားဆရာဝန် ဒေါက်တာ ကျော်သူရထွန်းကို စစ်ကောင်စီတပ်ဖွဲ့ဝင်များမှ ဖမ်းယူလားခသည့်အတွက် စပ်တမ်ဘာလအတွင်း တောင်ကုတ်မြို့နယ်မှ စစ်ကောင်စီတပ်၏ ဖမ်းဆီး ခြင်းခံခရသည့် အပြစ်မဲ့အရပ်သားပြည်သူ စုစုပေါင်း ၁၆ ယောက်ထက်မနည်း ဟိကြောင်းသိရသည်။
(Zawgyi)
တောင်ကုတ်မှ ၄ ယောက်ကို စစ်ကောင်စီတပ် ထပ်ဖမ်းပြန်
APM ၊ အောက်တိုဘာ ၁/၂၀၂၂
