APM ၊ အောက်တိုဘာ ၁/၂၀၂၂
ဒေနိ (အောက်တိုဘာလ ၁ ရက်နိ) မိုးထ ၈ နာရီခွဲမှ ၉ နာရီခွဲခန့်အထိ စစ်ကောင်စီတပ် ကျောက်တော် အခြီ စိုက်၊ ခမရ(၅၃၉)မှ လက်နက်ကြီးများဖြင့် အကြိမ်ပေါင်းများစွာ ပစ်ခတ်တိုက်ခိုက်ခသောကြောင့် ကျောက်တော်မြို့နယ်အတွင်းဟိ ရွက်ညှိုးတောင်၊ ဆောင်းဒူ ၊ အောင်မင်္ဂလာ၊ ဒေးဝန်း၊ ကွမ်းအုံစု စသည့် ရွာများသို့ကျရောက်ပေါက်ကွဲပြီး အိမ်များပျက်စီးကာ နွားများထိမှန်သီဆုံး ခကြောင်း သိရသည်။
ကနဦးရဟိသော သတင်းများအရ ကျောက်တော် အခြီစိုက်၊ ခမရ (၅၃၉)မှ တိုက်ပွဲ လုံးဝမဟိပါဘဲ လက်နက်ကြီးများဖြင့် အကြိမ် ၂၀ ထက်မနည်း ပစ်ခတ်ခပြီး လူနီအိမ် အနည်းဆုံး ၅ လုံးပျက်စီး၍ နွား ၂ ကောင်ထက်မနည်း သီဆုံးလားကာ ရွာသားများမှာလေ့ မိမိရို့ ရပ် ရွာများကို စွန့်ခွာလျက် တိမ်းယှောင်နီကတ်ရကြောင်း သိရသည်။
ဤဖြစ်စဉ် အသေးစိပ်အား APM မှ ဆက်လက်စုံစမ်းလျက်ဟိသည်။
(Zawgyi)
ကျောက်တော်မှာ စစ်ကောင်စီတပ်မှ ရပ်ရွာများသို့ လက်နက်ကြီးဖြင့် အကြိမ်များစွာပစ်ခတ်၍ အိမ်များပျက်စီး၊ နွားများ ထိမှန် သီဆုံး
APM ၊ အောက်တိုဘာ ၁/၂၀၂၂