APM၊ နိုဗမ်ဘာ ၉/၂၀၂၂
နိုဗမ်ဘာ ၈ ရက်နိ ညည့် ၉ နာရီခန့်၌ ပုဏ္ဏားကျွန်းမြို့နယ်မှ အပြစ်မဲ့ပြည်သူ ၆ ယောက်ကို စစ်ကောင် စီတပ်ဖွဲ့ဝင်များက တပြိုင်နက်တည်း ဖမ်းဆီးလားကြောင်းသိရသည်။
အဖမ်းခံရသူ ၆ ယောက်မှာ ပုဏ္ဏားကျွန်းမြို့နယ်၊ နတ်ဆိပ်ရွာမှ ကိုမောင်မျိုးလွင်(ခ)ဝဝ (၂၄နှစ်)၊ ကိုရဲလင်းထွန်း(ခ)ရဲလင်း(၂၅နှစ်)၊ ကိုအောင်ကျော်ဌေး (၂၃နှစ်)၊ တန်းစွယ်ရွာမှ ကိုမောင်စိုးဝင်း (၂၇နှစ်)၊ အောင်ဗိမာန် ဘုန်းကြီးကျောင်းမှ ဆွမ်းတကာ ကိုကျောက်ချေ (၂၉နှစ်)နန့် ပုဏ္ဏားကျွန်းမြို့၊စံပြရပ်ကွက်မှ ကိုအောင်မျိုးသန်း(၂၃နှစ်) ရို့ဖြစ်ကတ်သည်။
သူရို့အားလုံးကို ပုဏ္ဏားကျွန်းအခြီစိုက် စစ်ကောင်စီတပ် ခမရ (၅၅၀)တပ်ရင်းမှ စစ်ကောင် စီတပ်ဖွဲ့ဝင်များနန့် ရဲတပ်ဖွဲ့ဝင် ပူးပေါင်းအင်အား ၄၀ ခန့်က တပြိုင်တည်း ဖမ်းဆီးခခြင်းဖြစ်သည်။
ယင်းနောက် သူရို့ကို ခမရ (၅၅၀)တပ်ရင်းထဲသို့ ခေါ်ဆောင်လားခပြီး လက်ဟိအချိန်ထိ မိသားစုများတွိခွင့်မရသိမ့်ကြောင်းသိရ သည်။
စစ်ကောင်စီသည် ပုဏ္ဏားကျွန်းမြို့နယ်အပါအဝင် ရက္ခိုင်ပြည်မြို့နယ်အသီးသီး၌ ရပ်ရွာအုပ်ချုပ်ရီးမှူး၊ ပရဟိတသမား၊ ဆရာတော်သံဃာတော်များအပါ အဝင် အပြစ်မဲ့ အရပ်သားပြည်သူများကို မတရားဖမ်းဆီး၍ပုဒ်မအမျိုးမျိုးတပ်ကာ တရားစွဲဆိုလျက် ဟိကြောင်းသိရသည်။