
APM၊ နိုဗမ်ဘာ ၆/၂၀၂၂
မောင်တောမြို့နယ်တွင် စစ်ကောင် စီတပ်ဖွဲ့ဝင်များမှ ဖမ်းဆီးထားသည့် တက္ကသိုလ်ဝင်တန်းကျောင်းသူ မအေးမြစန္ဒာအား ၅ ရက်ကြာသည့် လက်ဟိအချိန်ထိမိသားစုဝင်များ အဆက်အသွယ် မရသိမ့်ကြောင်း သိရသည်။
အဖမ်းခံရသူ မအေးမြစန္ဒာမှာ မင်းပြားမြို့နယ်၊ ပြိုင်းတောကျေးရွာမှ ဖြစ်သည်။
မအေးမြစန္ဒာသည် မောင်တောမြို့နယ်၊ တမန်းသားရွာဟိ ဆွီမျိုးများထံသို့ အလည်အပတ်လားရောက်ခပြီးနောက် နိုဗမ်ဘာ ၁ ရက်နိက မိမိနီရပ်သို့ ပြန်လာရာတွင် စစ်ကောင်စီတပ်၏ ကြိမ်ချောင်းစစ်ဆီးရီးဂိတ်၌ ဖမ်းဆီးထိန်းသိမ်းခံခရခြင်း ဖြစ်သည်။
လက်ဟိတွင် မအေးမြစန္ဒာဖမ်းဆီးခံရသည်မှာ ၅ ရက်ခန့် ကြာလာကေ လေ့ မိသားစုနန့် အဆက်အသွယ်မရသည့်အပြင် မည်သည့်နီရာ၌ ထိန်းသိမ်းထားသည်ကိုလေ့ လုံးဝမသိရ ကြောင်း မိသားစုဝင်များက ဆိုသည်။
မအေးမြစန္ဒာသည် တက္ကသိုလ်ဝင်တန်းကို ဝိပ္ပံဘာသာတွဲဖြင့် ပြင်ပမှ ဝင်ရောက်ဖြေဆိုနီသူဖြစ်ကြောင်းသိရသည်။
