
APM ၊ ဂျူလိုင် ၆/ ၂၀၂၃
ရက္ခိုင်ပြည်၊ မြောက်ဦးနန့် ကျောက်တော်မြို့နယ်များတွင် Mocha ဆိုင်ကလုန်းမုန်တိုင်းဒဏ်ကြောင့် ပျက်စီးလားခသည့် သစ်ပင်များ၏ နီရာ၌ အစားထိုးနိုင်ရန်အတွက် ရက္ခိုင်အမျိုးသားအဖွဲ့ချုပ်/ရက္ခိုင့်တပ်တော် ULA/AA တပ်ဖွဲ့ဝင်များက အာရက္ခပြည်သူများနန့်အတူ ၂၀၂၃ ခုနှစ်၊ ဂျုန်လ ပထမအပတ်မှစ၍ အရိပ်ရ သစ်ပင်များကို အားကြိုးမာန်တက် ဆက် တိုက်စိုက်ပျိုးလျက်ဟိသည်။
မြောက်ဦးမြို့နယ်တွင် ဝေသာလီ၊ လက္ကာ၊ ကျီရာပြင်၊ အောက်သားကန်၊ဂူတလုံးကျ၊ဆင်အိုးချေ၊ဘူးရွက်မညှိုး၊ အိုးထိမ်း အပါအဝင်း ကျေးရွာအများအပြား၌ ULA/AA တပ်ဖွဲ့ဝင်များက ပြည်သူများနန့်အတူ အရိပ်ရသစ်ပင်များကို ကူညီစိုက်ပျိုး လျက်ဟိသည်။
အလားတူ ကျောက်တော်မြို့နယ်မှာလေ့ ဇီးချောင်း၊ သရီချောင်းအပါအဝင်ကျေးရွာများ၌ ULA/AA တပ်ဖွဲ့ဝင်များက အရိပ် ရသစ်ပင်များကို စိုက်ပျိုးလျက်ဟိပါသည်။
ရက္ခိုင်ပြည်တွင် မေ၁၄ ရက်နိက တိုက်ခတ်ခသည့် ပြင်း ထန်သော Mocha ဆိုင်ကလုန်းမုန်တိုင်းကြောင့် အာရက္ခပြည်သူ များ အသက်ဆုံးယှုံးခရပြီး ဘာသာရီးအဆောက် အအုံများ၊ စာသင်ကျောင်းများနန့်လူနီအိမ်ပေါင်း များစွာပျက်စီးခရပိုင် အရိပ်ရသစ်ပင်ပေါင်းမြောက်မြားစွာလေ့ ပျက်စီးဆုံးယှုံးခရသည်။


















